Professional Authors

မင်းအတွက်

 

မငိုပါနဲ့ အချစ်ရယ်

ကိုယ်ဟာမင်းရဲ့ ကိုယ်ပွား

မင်းက မျက်ရည် တစ်စက် ဆို ကိုယ်က နှစ်ဆက်ပေါ့ကွယ်

 

တသက်မှာတခါပဲ ရမယ့် ဆုလာဒ်

ကိုယ့်အသည်းအသက်ညှာထဲ ထာဝရသိမ်းထားရမယ့် ကမ္ဘာလေး

 

မညှာတမ်းဝန်ခံပါတယ်

မင်းမရှိရင်ကိုယ်မရှိ

မင်းအပြုံးဟာ ကိုယ့် ဘ၀ ကိုယ့် ဆန္ဒပါပဲ

 

ခေါင်းလည်းညွှတ်တယ်

ဒူးလည်းထောက်တယ် အချစ်ရယ်

ဒါဟာ ချစ်မြတ်နိုးခြင်းရဲ့ အဓိပ္ပါယ်

ငိုကြွေးပြမှ ဆိုလည်း

(မင်းအတွက်ဆို)

ပင်လယ်ကြီးတမျှလည်း ခန်းနားပါ့မယ်

 

ဆန်းပြားတဲ့အထွေထွေ အမူအရာတွေသုံးလို့

ကိုယ်ဟာထွေးပိုက်ထားချင်ခဲ့သူမျိုးမဟုတ်

စကားတွေ အထပ်ထပ်နဲ့ အဆက်မပြတ်ချည်နှောင်ခြင်းမျိုးလည်း

မစွမ်းသာနိုင်ခဲ့သူမို့

မင်းမပါဘူးဆိုတဲ့ဘ၀ထဲ ကိုယ်ဟာ

ခြေတလှမ်းရယ် ခင်း နင်းလျှောက်မယ့်သူမဟုတ်ကြောင်းမှ

လွဲ

အစစ်တွေလို့လည်း ကိုယ် ခဏခဏ ထပ်မပြောပြစေနဲ့လားကွယ်

 

ယုံပါ..အချစ်ရယ်…ယုံပေးပါလို့ လည်း ကိုယ် မျက်ရည်စက်လက်နဲ့

တောင်းဆိုပါရစေ

ငိုခဲ့ရလေသမျှ စိုခဲ့ရသော မျက်ဝန်းတွေ သက်သေ

မနက်ဖြန်တွေတိုင်း မင်းမပါပဲလည်း ကိုယ်မပြုံးရက်ခဲ့ဘူး

 

မင်းအမုန်း ဆိုတဲ့ စကားလုံးမျှတောင် အိပ်မက်ထဲထည့်

မက်ရဲ ခဲ့သူလည်းမဟုတ်လို့

 

ငါ့အချစ် ငါမျက်ဝန်းတွေ အရိပ်အခြေလောက် ဖန်းတတ်မယ်ဆိုရင်ပဲ

ငါ့အချစ်လမ်းကမ္ဘာသို့ လှမ်းတတ်ဖို့ရဲရင့်လိုက်စမ်းပါ့

 

သံသယမပွားနဲ့  ကိုယ်.ယုံကြည်ထားတဲ့ နိယာမ ဆိုတာ

မင်း …မင်းဆိုတဲ့ ငါ့ဘ၀သာပဲမို့

ငါ့ကိုချန်..စတေးရင်းဖို့. ဘယ်သောအခါမျှ..တွေး..

ဒီလူကို ဆွေးကျန်နေစေဖို့ လမ်း

မရွေးချယ်လိုက်ပါနဲ့။

 

ကတိစကားတွေနဲ့ မတုတ်နှောင်ဝံ့သူငါ့ကို နင့်အကြင်နာပန်းလက်ဖ၀ါးလေးမှာ

ထာဝရအဖြစ်ဆိုကာ ပါးအပ်ခွင့်လေးပေးသနားပါ

 

ကိုယ်ဟာ နတ်ဆိုးတကောင်ဆိုခဲ့ရင်တောင်

မင်း တယောက်ထဲအတွက် အကောင်းဆုံးတွေဖန်တီး..ဖန်ဆင်းပေးမယ့်

ကမ္ဘာဦးထက် လှမ်းတက်ခဲ့သော…..မင်းသံသရာထဲက အချစ်ကျွန်စေတန်တပါးပါ။

 

(ငါ့အချစ်တွေကို ပုံအပ်ထားတယ်ဆိုတာလေး တွေးပြီး ငါ့ကိုချန်ဖို့ ဘယ်သောအခါမျိုးမှ မရွေးချယ်လိုက်ပါနဲ့

နင်…သိထား…ငါဟာ နင်မပါတဲ့တစက္ကန့်မှာတောင်  ဘ၀ဆိုတာကို ရပ်တန်းလိုက်ဖြစ်ဖို့ ရဲဝံ့ခဲ့သူပါ)

In: ကဗျာ Posted By: Date: Apr 24, 2012
Comment #1

မ ငို ပါ နဲ့  ( ဖတ်ရင်းငိုချင်တယ် :'( )

commentinfo By: sharon myorr myor at Apr 24, 2012
Comment #2

ကိုယ်ဟာ နတ်ဆိုးတကောင်ဆိုခဲ့ရင်တောင်

မင်း တယောက်ထဲအတွက် အကောင်းဆုံးတွေဖန်တီး..ဖန်ဆင်းပေးမယ့်

ကမ္ဘာဦးထက် လှမ်းတက်ခဲ့သော…..မင်းသံသရာထဲက အချစ်ကျွန်စေတန်တပါးပါ။

commentinfo By: zawthetoo at Apr 24, 2012
Comment #3

ma moe yae,,
kwat ti pe kwar..
really thz u so much.
every words ,,all feeling,,, many thoughts r touching to my heart deeply,

commentinfo By: ei lay at Apr 24, 2012
Comment #4

ခေါင်းလည်းညွှတ်တယ်

ဒူးလည်းထောက်တယ် အချစ်ရယ်

ဒါဟာ ချစ်မြတ်နိုးခြင်းရဲ့ အဓိပ္ပါယ်

ငိုကြွေးပြမှ ဆိုလည်း

(မင်းအတွက်ဆို)

ပင်လယ်ကြီးတမျှလည်း ခန်းနားပါ့မယ်

မမိုးရေ
ကတုံးလေး အားပေးသွားပါတယ် ….။။။

commentinfo By: gadounlay at Apr 25, 2012
Comment #5

ခေါင်းလည်းညွှတ်တယ်
ဒူးလည်းထောက်တယ် အချစ်ရယ်
ဒါဟာ ချစ်မြတ်နိုးခြင်းရဲ့ အဓိပ္ပါယ်
ငိုကြွေးပြမှ ဆိုလည်း
(မင်းအတွက်ဆို)
ပင်လယ်ကြီးတမျှလည်း ခန်းနားပါ့မယ်

commentinfo By: ကံ့ကော်မောင် at May 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment