Professional Authors

လွမ်းတေး – ၎

ညက ခုထိ

သူမဟုတ်ဘူးလို့ 

ငြင်းနေတုန်းပဲ

တတိတိနဲ့ မှောင်နေရတဲ့ ကိုယ့်မှာသာ 

အလင်းထဲရောက်နေသလိုလိုဟန်ဆောင်နေရ

 

သူမသိပါဘူးကွယ်

(သို့ မဟုတ်) သူသိပါတယ်ကွယ်

ဒွိဟစိတ်နဲ့ အားပေးဖြေသိမ့်

ကိုယ့်အတွက်ဆို ကိုယ်က

အသက်တောင်မရှုဘူးဆိုတဲ့အကြောင်း

ရင်ခုန်နှုန်းတွေဆီက

သတိပေးသံဆူညံနေလေရဲ့ 

 

စကားမပြောတတ်တဲ့

profile လေး တခုဟာ ခဏခဏဖွင့်ကြည့်ခံရမှုနဲ့  ငြီးတွား

တဆိတ် … ကြိတ်မှိတ်ပြီး သီးခံပေးပါလား ကွယ်

 

ကိုယ်ဟာ တယောက်ထဲ

မဟုတ်တဲ့ အကြောင်း

(သို့ မဟုတ်)

ကိုယ်ဟာ တယောက်ထဲဖြစ်မနေဘူး

ဆိုတဲ့အကြောင်း

ကိုယ့်ရင်ခွင်ကိုယ် အသိပေးနိုင်ဖို့ 

မင်း ( profile) ဟာ လိုအပ်နေပါတယ်

 

“သူမရှိဘူးလေ” တဲ့

မီးခိုးရောင် sign လေးက .. လှောင်တယ်

“သူရှိနေတယ်လေ”…

ဘယ်ဘက်ရင်အုံလေးကို ဖိပြီး ကိုယ်ပြုံးတယ်

 

အဲဒါဟာ ညမဟုတ်ဘူးဆိုရင်ဖြင့်

နေ့  ဖြစ်ခွင့်လည်း

မပေးနိုင်ပါဘူး ကွယ် ….

 

ဘယ်သူသတ်မှတ်ထားတဲ့ အချိန်အခါတွေ မို့ လည်း ???

တကယ်ဆို.. နာရီလက်တံလေးတွေဟာ သူ့ ရယ်သံလေးတွေနဲ့ 

ရွေ့ တဲ့အကြောင်း ကိုယ့်ရင်ဘတ်မှာပဲ တယုတယ ရေးခြစ်ထားဖြစ်တယ်

(လူမသိ သူ မသိပေါ့ကွယ်)

 

တိုးတိုးလေး ပါပဲ

ကိုယ် …တမ်းတနေမိတယ် ..

အဲဒီ အစိမ်းရောင် မီးsign လေးဟာ

ဘယ် အချိန် မှာ အသက်ရှုခွင့်ကို

စွန့် ကျဲ ပေး ကမ်း လာ မှာ လည်း???

 

( အတ္တကြီးတယ်လို့ ပဲ တရားသေ သတ်မှတ်လိုက် ပါ

  ကိုယ်…

  (ကိုယ်လေ)….

  ရင်ခုန်သံတွေ

   မ ရပ် ချင် ခဲ့ ဘူး ကွယ် )

(27.2.2013 – အသဲကွဲ မိုး)

In: ကဗျာ Posted By: Date: Mar 9, 2013
Comment #1

Arr payy twe pr tal bya

commentinfo By: mankhat wint at Mar 9, 2013
Comment #2

🙂
ကိုယ်
ကိုယ်လေ

commentinfo By: ei lay at Mar 9, 2013
Comment #3

ညက ခုထိ
သူမဟုတ်ဘူးလို့ 
ငြင်းနေတုန်းပဲ
တတိတိနဲ့ မှောင်နေရတဲ့ ကိုယ့်မှာသာ
အလင်းထဲရောက်နေသလိုလိုဟန်ဆောင်နေရ
………………………………………….
….. ဟန်ဆောင်နေရ……..
အားပေးသွားပါသည်။ ။

commentinfo By: နွေ at Mar 9, 2013
Comment #4

စကားမပြောတတ်တဲ့

profile လေး တခုဟာ ခဏခဏဖွင့်ကြည့်ခံရမှုနဲ့  ငြီးတွား…….တကယ့် ဖိုင်လေးတစ်လုံးထဲပဲလား……ဟဟ အလွန်ဆွဲဆောင်မှုရှိပါသည်

commentinfo By: bone lay htet lwint at Mar 9, 2013
Comment #5

ကိုယ်ကတော့အတ္တကြီးတယ်

commentinfo By: ei lay at Mar 10, 2013
Comment #6

အားပေးသွားပါတယ်ဗျာ…..

commentinfo By: moehtetaung18 at Mar 10, 2013
Comment #7

ဟုတ်စ်ကဲ့ ခင်ည

အချိန်ပေးဖတ်ရှု ခံစားပေးတဲ့အပြင် ကွန်းမန့်နဲ့ အားဖြည့် ကြတဲ့ ဟောသည်က ဦးဦးဒေါ်ဒေါ်မမ ဘဘ အန်တီ ဘိုးဘိုး ဘွားဘွား ကြီးများ အားလုံးကို

မီးလေး က အကြီးကြီး သိုင်းခရူးပါလို့ …

ကျေးကျူးပါနော်… မီးက ၁၈နှစ် မနေ့ကမှပြည့်ထားလို့  ချကားတိတ်မပီတေးဝူး… 😛

commentinfo By: အသဲကွဲမိုး at Apr 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment