Professional Authors
အဝေးဆုံးအရပ်က အနီးးဆုံးလူ
သူငယ်တန်းနဲ့ တက္ကသိုလ်ဘ၀မှာ
ငါ့ဦးေ နှာက် ငှားရမ်းမှုတွေကိုတော့
ခွင့်ပြုစေချင်တယ်
နှလုံးသား ဖြန့်ငှားခြင်းအနေနဲ့ပေါ့
ကြည်နှုးစရာအိမ်မက်   လန့်နှိုးရင်တောင်မှ
လူတိုင်းတမ်းတနေ မှာပါ
မင်းနဲ့ ငါ့ရဲ့ တကယ့်အဖြစ်အပျက်
လမ်းခွဲခြင်းကို နှုတ်ဆက်လို့ရပေမယ်လို့
မင်းလက်ပြခြင်းကိုတော့  ငါ နှုတ်ဆက်လို့မရဘူး
ဒူးထောက်ခြင်းနဲ့ကျောပေးခြင်း
 နှစ် ခုလုံးကတော့ အညံ့ခံမှုတွေပါ
 ရွေးချယ်မှုမလုပ်ချင်တာက
မင်းပြောတဲ့ ငရဲလေ(ဒူးထောက်ခြင်းနဲ့ ကျောပေးခြင်း)
ငါတို့ဖြတ်သန်းနေတာက တိမ်တိုက်တွေကြားမှာ
(လုံးဝ ဖြူစင်မှုတွေကြည့်ပဲ)
အဖြူစင်ဆုံးဆိုတာ နို့နှစ်ရောင်မဟုတ်ဘူး
မှင်တစက်ကျရင်တောင် အရောင်မပြောင်းဘူး
ငါ့လက်ထဲက ခွက်ကို ကြည့်ရင်းပြောတာပါ
 စက် ဆုတ်ခြင်းဖိတ်စာတွေကိုလေထဲ      ဖြန့် ကျဲလိုက် ပါလား
ငါ့ယဉ်ကျေးမှု  အထူးတလည်မင်းအတွက်
ငါ့ရဲ့ ငါပဲ ကြေပေးပါမယ်
ဒဏ်ရာတွေများနေတဲ့ငါ
အသားမာဆိုတာ အဆန်း မဟုတ်ပေ မယ့်
မာနေခဲ့တဲ့နေရာ တဆစ်ဆစ်နဲ့ အရင်ကနာခဲ့ပြီးသားပါ
မင်းမမေ့ဘူးဆိုရင်
ရေကြည်တပေါက်ထက် လိပ်ကျောက်မြှီးဒဏ်ကိုပဲ
ငါလိုချင်ပါတယ်(အရှိုးရာတွေငါ့မှာရှိသေးတယ်လေ)
ငါ့ရဲ့   အနာ တရတွေ မင်းကိုယ်ထဲကို
ဝင်စီးဆင်းခဲ့တယ်
တောင်တန်းတွေလည်းမသိဘူး
လေထုတွေလည်းအိပ်စက်နေတယ်
မြေသားတွေလည်းဘာမှ နားမလည်တဲ့အရပ်မှာ
 သစ္စာ အိမ်သစ်လေးထဲ အတူ နေကြ မယ်
(ခွဲမသွားဖူးဆိုပြီးတော့  အ ချိန်ပြည့်
ဆုတောင်းနေရင်းနဲ့ပေါ့)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အ ဆုံးဆိုတာ မင်းအ နာဂတ် ငါ့အနာဂတ်
ပု စ္ဆာ တွက်ခြင်းထက်တော့  မသိနိုင်လေတော့ဘူး ……..
In: ကဗျာ Posted By: Date: Apr 29, 2013
Comment #1
Yeah
Nice
perfect
commentinfo By: ei lay at Apr 29, 2013
Comment #2
^_^
commentinfo By: မေပျို at Apr 29, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment