Professional Authors

အရင်အတိုင်း

မမေ့ရက်ဘူး ချစ်ဦးရယ်

မင်းကိုပြောဖို့စကားလုံးများ

နှောင်းသွားခဲ့ပေမယ့်

သီကုံးခဲ့ရတဲ့ ငါစကားလုံးများ

အရင်အတိုင်းရှိဆဲပါ။

 

အတိတ်ဆိုတဲ့အချိန်တွေ

ရမ်သမ် မှန်မှန် ကျော်ဖြတ်လာခဲ့ပေမယ့်

အချစ်ဆိုတဲ့ ဝေါဟာရတစ်ခု

လာရောက်ပေါင်းဆပ်လိုက်ချိန်

ဒါဟာ ငါ့အတွက်

အလွမ်းဆို့တဲ့ ရသတစ်ခု

ဖြစ်ပေါ်စေခဲ့ပြီ။

 

ငါဟာ လွမ်းနေဆဲပါ

ဘယ်ဆီကိုရောက်နေမှန်းမသိပေမယ့်

မှတ်မိဆဲပါ အရင်အတိုင်း

ဆက်ချစ်နေဆဲပါ အရင်အတိုင်း

ပြန်ဆုံချင်စမြဲပါ အရင်အတိုင်း

ရယူပိုင်ဆိုင်ချင်ဆဲပါ

အရင်အတိုင်း။

 

ပန်းနှစ်သက်သူမို့

ခူယူပန်ဆင် ငါမပိုင်ခဲ့ရပေမယ့်

မလိုသူချွေတဲ့ပန်း

ငါကောက်ယူဖို့ လက်မတွန့်ဘူးဆိုတာ

မင်းသိခဲ့ရင်

ကမ္ဘာမြေရဲ့ တစ်နေရာက

မင်းငြင်းပယ်ခဲ့တဲ့ ရင်ခွင်လေးတစ်ခုက

အရင်အတိုင်း ကြိုဆိုနေမြဲပါ။

 

In: ကဗျာ Posted By: Date: Apr 20, 2012
Comment #1

ကဗျာေးလးက လှတယ်ဗျ….အာေးပးနေပါတယ်

commentinfo By: thetnaung at Apr 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment