ကျောရိုးမဲ့ ဓာတ်စာ (သက်ထွေး)
မခင်တွယ်လိုတော့တဲ့
မပြတ်သားမှုနဲ့
နွမ်းလျနေရောပေါ့။
“ခေါက်ရိုးတစ်ဖက်”
“ချိုးရာတစ်ဖက်”
သေသေသပ်သပ် အိတ်ကပ်ထဲထည့်။
ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ။
စက္ကန့်တံတွေနဲ့
နားကြားလွဲခဲ့တဲ့
နေ့တွေမှာ
မှန်ကပ်ဗီဒိုဆန် လစ်ဟင်းပစ်ခဲ့ဖူး
သင်္ကာမကင်း လက်သင့်ခံခဲ့ဖူး
ပေါ့ပျက်ပျက် အဘိဓမ္မာထဲက
အမှတ်သည်းခြေနည်းတဲ့
လေ့လာတွေ့ရှိမှု
အခုတော့
ချို့တဲ့ကုန်ပါပြီ။
မီးကူးခံထားရတဲ့ အာရုံဟာ
ခေတ်ပျက် ပလက်ဖောင်းပေါ်
သွက်လက်ပေါ့ပါးလို့
ထိုးစရာ ဓားတွေကျန်ပြီး
နောက်ကျောတွေ ကုန်သွားတဲ့ခေတ်
အခုတော့
အိုပါပြီ။
ကိုယ်ရည်သွေးလို့ မဆုံးနိုင်တဲ့
နှိုးစက်သံတွေ
ခွဲစိတ်ခံဖို့ ရောက်လာခဲ့တယ်။
စိတ်အစဉ်နဲ့
ကျောရိုးမဲ့
ဓာတ်စာတို့…
“ကောင်းသောနေ့ပါ” ။
အကြွင်းမဲ့ ပြတ်သားဖို့
အထ မမြောက်တိုင်း
တစ်မိုးသောက်
အရူးအမူးစိတ်ကလေးကို
ဝီရိယ အလွန်အကျွံနဲ့
ငေးကြည့်နေယုံသာ။ ။
သက်ထွေး
၁ဝ ဧပြီ ၂ဝ၁၂ နေ့လည် ၁၂း၅၄
Comment #2
ပေါ့ပျက်ပျက် အဘိဓမ္မာထဲက
အမှတ်သည်းခြေနည်းတဲ့
လေ့လာတွေ့ရှိမှု
အခုတော့
ချို့တဲ့ကုန်ပါပြီ။
ထိုးစရာ ဓားတွေကျန်ပြီး
နောက်ကျောတွေ ကုန်သွားတဲ့ခေတ်
အခုတော့
အိုပါပြီ။
လေးနက်တယ်ဗျာ
By: မျိုးအောင် at Apr 11, 2012
Comment #3
အကြွင်းမဲ့ ပြတ်သားဖို့
အထ မမြောက်တိုင်း
တစ်မိုးသောက်
အရူးအမူးစိတ်ကလေးကို
ဝီရိယ အလွန်အကျွံနဲ့
ငေးကြည့်နေယုံသာ။ ။
By: May Kha at Apr 11, 2012
Comment #4
ရွာမှာ ကိုသက်ထွေးရယ်၊ ကိုချီရွန်ရယ်၊တယ်ရီရယ် ရှိနေလို့သာ ၀င်ဖတ်နေတာ
ကိုသက်ထွေးရေ ခင်ဗျားကဗျာတွေကိုလေးစားတယ်ဗျာ ။
ဘယ်သူတွေဘယ်လိုပဲသော်ကြီးကျယ်ကျယ် ကျနော်ကတော့ https://www.poemscorner.com ဆိုတဲ့ ရွာမှာ ကိုချီရွန်ရယ် ကိုသက်ထွေးရယ် တယ်ရီ ရယ် အဲ့ဒီသုံးယောက်ရဲ့ကဗျာပဲ တန်းဝင်တယ်လို့ ခံယူတယ်
By: ဇော် at Apr 13, 2012
Comment #5
ကောင်းလွန်းတယ်လို့ပဲပြောတက်တော့တယ်
ကိုသက်ထွေးကဗျာတွေအားလုံးကို ကြိုက်ပါအိ . . . 🙂
By: နတ်သမီး at Apr 16, 2012
Comment #7
အားပေးလျက်……………။
By: အရိပ်ကလေး at Apr 25, 2012




Comment #1
ရွာရဲ့ အဓိပတိ ပီသပါပေတယ်ဗျာ။ ရေးချက်တွေက လန်ထွက်နေတာ။ တပုဒ်လုံးကို ကြိုက်ပါ၏။