Professional Authors

လေဟာနယ်

 ကဗျာ တပုဒ်ရေးချင်လိုက်တာ..
တစုံတရာ ကို လွမ်းနေသလိုပေါ့ 
မွန်းကြပ်လွန်းရင် …ထွက်ပေါက်ရှာရုံ
စိတ်ကူးယဉ်တာတွေ … မီးပွိုင့် မိကုန်တယ်..။
 လမ်းပြန်လျှောက်တယ်..
ကားတွေလည်း လည်ပတ်နေဆဲ…
အသစ်ဆက်ဆက် တိုက်ဟောင်းကြီးတွေ ..
ငြိမ်သက်နေဆဲ..။
ငါ လင်းဖူးတဲ့  ကောင်းကင် ထက်မှာ..
အတောင်ပံတွေ    ဖြန့် …. ပျံဝဲနေချင်ရုံ..။
ငါနဲ့ ငါ ပုခုံးချင်ဖက်…
လွင့် ထွက်သွားတဲ့  ခဏ ..
ငါရဖူးတဲ့  ဆံချည် မျှင်လေး    ဖြတ်ထွက်သွားတယ်…။ 

In: ကဗျာ Posted By: Date: Apr 2, 2012
Comment #1

ငါ လင်းဖူးတဲ့  ကောင်းကင် ထက်မှာ..
အတောင်ပံတွေ ဖြန့် …. ပျံဝဲနေချင်ရုံ..။
အားပေးသွားပါတယ်

commentinfo By: Titan at Apr 2, 2012
Comment #2

i like title so much

commentinfo By: ei lay at Apr 4, 2012
Comment #3

Title is the same like what i feel now.

commentinfo By: LNK at Apr 20, 2012
Comment #4

ကဗျာ တစ်ပုဒ် ရေးချင်လိုက်တာ…
မွန်းကျပ် တာတွေ များ လွန်းနေတယ်…
ထွက်ပေါက် တစ်ခု လောက် ရှာ ရုံလောက် ပါ
ကဗျာတစ်ပုဒ်လောက် ရေးဖြစ်ချင်လိုက်တာ

commentinfo By: Valerie at Apr 20, 2012
Comment #5

အဲလို ခံစားချက် မျိုး ခဏ ခဏ ပဲ ခံစားနေမိတယ်

commentinfo By: Valerie at Apr 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment