Professional Authors

ငြိမ်းချမ်းရေး အတာသင်္ကြန်

 

နွေဂိမှန် နှစ်သစ်ကူး အတာတံခူး သင်္ကြန်အခါ
ပြည်မြန်မာ ပိတောက်ဖူး ရနံ့ထူးတဲ့ နှစ်သစ်ချိန်ခါ တိုးတက်စေမှာ တကယ်ပါ..
အောင် မပါ မထူး ဆန်း တဲ့ ပြည်မြန်မာ … ထောင် ပမာ မည်းမှောင်လှတာ..
လူဘောင်က တို့မြန်မာ အသိပါ… ပြည်ထောင်စုတဲ့ တို့ပြည်မြန်မာ ငြိမ်းချမ်းရေးတောင်းလို့..
မတူကွဲပြားမှု မရှိတဲ့ ဗျူဟာနည်းအသစ်နဲ့… တို့ပြည်သစ် ထူထောင်လာ….
အစဉ်လာကောင်းတဲ့ တို့မြန်မာပြည်မှာ အမေစုတဲ့ ပြည်ချစ်ခေါင်းဆောင်ပါ…။

 

ရွက်ဟောင်းကြွေကျ ရွက်သစ်ဝေကြတဲ့
နှစ်သစ်မင်္ဂလာ သင်္ကြန်ရေစဉ်
အတာသဘင်မှာ အဆိုးတွေပယ်ချ
အကောင်းတွေ ဆုံကြလို့
ခဝါချဖို့ လမ်းသစ်တီထွင်ခဲ့သူ….။

 

အစဉ်လာကောင်းတဲ့ အမျိုးတွေမို့
ဘိုးဘွားစဉ်ဆက် ရဲစွမ်းထက်တဲ့
သူ့အသွင် သမိုင်းထက်မှာ
စာပန်းချီတင်လို့ ပြည်မြန်မာအရေးကို
အလေးပေးလို့ ငြိမ်းချမ်းရေးပေးခဲ့သူ….။

 

အဘိုးအမည် ဗိုလ်မင်းရောင်
အဘအမည် ဗိုလ်အောင်ဆန်းတဲ့
ထူးကဲတဲ့ သူအမည်နဲ့ ရဲစွမ်းသတ္တိတို့က
လွတ်လပ်ရေးကို အသွင်ဆောင်ခဲ့ပြီ
မကြာမှီ …
သူတို့သွေးသား အမိမြေဖွား
အာဇာနည်ဆန်းက ငြိမ်းချမ်းရေးနဲ့
လူ့အခွင့်ရေး ကမ္ဘာကို ထွန်းလင်းစေမည့် သူ…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Apr 11, 2012
Comment #1

အစဉ်လာကောင်းတဲ့ တို့မြန်မာပြည်မှာ အမေစုတဲ့ ပြည်ချစ်ခေါင်းဆောင်ပါ…

commentinfo By: ကံ့ကော်မောင် at Apr 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment