Professional Authors

“သူ….ကဗျာရေးနေသည်”

ဆွတ်ပျံ့ဖွယ် အတွေးရိပ်၌

ချမ်းမြေ့ချင်းတေးတွေ သီတဲ့သူ….

ငြိမ်းချမ်းခြင်း သင်္ကေတ

ကမ္ဘာကို လက်ဆင့်ကမ်းဝေသူ…..

ဘဘာဝလမ်း ဆက်တော်ပန်း

ဝတ်မှုန်ဖွေးလို့ မွှေးစေသူ….

မာဂဓဘာသာစကား

သတ္တဘုံပေါ် အဓိပ္ပာယ်ဖော်ညွှန်းသူ…

ပန်းဆယ်မျိုး ခြယ်အလှ

အကျွမ်းဝင် ခင်မင်ရင်းနှီးသူ…

ရောင်စဉ်ဖွေးလက် သံစဉ်တေးဖွဲ့

တူရိယာသံထပ် စည်းချက်ထိုးတဲ့သူ….

သူဟာ……..အခြားမဟုတ်

ပုဂ္ဂိုလ် ဂိုဏ်းအစွဲမရှိ

ငါတည်းဟု လက်မလည်း မထောင်

လောကတွင်း အတ္တဘေးမဲ့ဇုန်၌

သူဟာ……….ကဗျာ ရေးနေတယ် ။           ။

စေပိုင်ထွဋ်(ပုသိမ်)

In: ကဗျာ Posted By: Date: Mar 30, 2012
Comment #1

ရေးး ရေးးး . . . ဖတ်ပြီးပေမဲ့ ထပ်ဖတ်သွားတယ် … 😀

commentinfo By: နတ်သမီး at Mar 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment