Professional Authors

ခေတ်ပျက်ထဲက မြို့တစ်မြို့

ရွာပြင်မှာနေရမှာလား ….

မိုးခါးရေပဲ သောက်ရမှာလား …

 

ရုပ်ဝတ္ထုတွေတိုးတက်မှုနဲ့

စိတ်ဓါတ်တွေ ဈေးကွက်ပျက်မှု

တိုက်ရိုက် အချိုးကျနေတယ် …

 

လောဘကြီးကြီးကို ဖြည့်နိုင်သူဘက်

ကံကြမ္မာ ပါတာပဲ…

 

Sorry ပါ မိတ်ဆွေ …

ဤနေရာမှာ အကြွေးမရောင်းပါ

ခြေလှမ်းကျဲကျဲ ရောက်လိုလျင်

အိတ်ကပ်ကြီးကြီးထဲ ထည့်ပါ …

 

အရင်းရှင်ဆန်ဆန်လာနေတဲ့ စိတ်ဓါတ်တွေကြား

” သစ္စာတရား ” ဆိုတာ

ပေါရာဏ တစ်ခုဖြစ်သွားတော့မလား …

 

လူတွေရဲ့ မျက်နှာတွေမှာ

 အပြုံးတုတွေ လက်ကားဖြန့်နေတယ် …

ကြာလာတော့ ဝေခဲရခက်လာတယ်

အပြုံးတုက အစစ်လား …

အပြုံးအစစ်က အတုလား …

 

ဤမြို့ထဲသို့ဝင်လိုလျင် ….

လူကြီးမင်းတို့သယ်ဆောင်လာသော

သစ္စာတရားများကို ချန်ထားခဲ့ရပါမည် … 

 

ရွာပြင်မှာ နေတဲ့သူဟာ မှန်လား

မိုးခါးရေသောက်နေတဲ့သူက မှန်လား ….              

 

ရွာပြင်မှာ နေရမှာလား

မိုးခါးရေပဲ သောက်ရတော့မလား …

In: ကဗျာ Posted By: Date: Mar 27, 2012
Comment #1

ရုပ်ဝတ္ထုတွေတိုးတက်မှုနဲ့
စိတ်ဓါတ်တွေ ဈေးကွက်ပျက်မှု
တိုက်ရိုက် အချိုးကျနေတယ် …
… တွေးစရာပဲ
.
.

ရွာပြင်မှာ နေရမှာလား
မိုးခါးရေပဲ သောက်ရတော့မလား…
…အမြဲမေးသင့်ပါတယ်

commentinfo By: kantkawmg at Mar 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment