Professional Authors

အံဝှက်ထဲကမြို့

ပက်လက်လှန်ထားတဲ့
မညီမညာစလောင်းဖုံးတွေအောက်က
မီးခြစ်ဆံဘူးလေးတွေမှာ..
ငှက်လှောင်အိမ်တွေဝင်ဆောက်
ရေစုန်မျောနေတဲ့
အနက်ရောင် မြစ်ပေါ်မှာ
စည်းကမ်းတွေကို ပြောင်းပြန်ရေးထားတယ်…
အောက်ဘက်က ချောက်နက်နက်တွေကို
တစ်ခါသုံးကြွပ်ကြွပ်အိတ်တွေနဲ့
အလှဆင်ထားသလို
ခပ်ချောချော ကလေးမက
သနပ်ခါးတစ်ကွက်ကို ပါးတစ်ဘက်ပေါ်မှာပဲ
ကွက်ထားလေရဲ့…
မိုးတွေရွာ
လေတွေတိုက်
မုန်တိုင်းတွေဆင်
………………
………………
ရိုးအီနေတဲ့
ဟာသပျက်လုံးတွေကို
ခိုးကူးခွေထဲက ပြန်ခိုးကူးနေပြီ..
ချောင်းရဲ့တစ်ဖက်မှာ
ဘာမှ တော့ မရှိတော့ဘူး
တဲတစ်လုံးငှားဖို့
စပေါ်လေးသောင်း လခ လေးထောင်တဲ့
အင်း….
မြက်ပင်ကို ထုတ်ကုန်ုလုပ်ပြီး
ရောင်းစားရအောင် ကြံဦးမှပဲ.

In: ကဗျာ Posted By: Date: Dec 12, 2012
Comment #1

*_*

commentinfo By: ei lay at Dec 12, 2012
Comment #2

ခိ .. မိုက်တယ်

commentinfo By: မေပျို at Dec 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment