Professional Authors

အပြန်မေတ္တာ အခြမ်းပျောက်လမ်း

 

ငုတ်လျှိုနေခဲ့တဲ့ နေဝန်းကြီးလည်း
မနက်ဖြန်များစွာမှာ ပေါ်ထွက်လာအုန်းမယ်…။

 

လှောင်ပိတ်နေတဲ့ အသိတရားတွေနဲ့
နားလည်မှုတွေလည်း ကိုယ်စီကိုယ်စီနဲ့
ဘဝအတွက် ခရီးဆက်ခဲ့တယ်….။

 

နေ့စဉ် ကိုယ်စီကိုယ်စီ လေ့လာခဲ့တဲ့
သင်ကြားမှုတွေထဲ အာရုံတွေကို
နစ်မြှုပ်ခဲ့တာ အကြိမ်ကြိမ်ရှိခဲ့ပြီး…။

 

လက်တွေ့ကျင့်သုံးဖို့အတွက် အခက်ခဲတွေနဲ့
ရင်ဆိုင်ရှင်ပြိုင်နေတုန်း ကိုယ့်အသိုင်းဝိုင်းက
ရွေးချယ်မှု ပညာတက်တွေ လိုအပ်နေဆဲ….။

 

နှစ်တွေနဲ့ရေတွက် သင်္ချာထွက်ခဲ့တဲ့
ဘဝရလာဒ်များစွာထဲ အထူ အပါး
နားမလည်းနိုင်သေးတဲ့ အသိစိတ်ဓာတ်တွေနဲ့
ကိုယ်ပိုင်.. ရုန်းထွက်ဖို့ဆိုတာ အတ္တရဲ့ ဆန္ဒတွေပေါ့…။

 

စိတ်ဓာတ်နဲ့ အလုပ် ဘဝနဲ့ ဆန္ဒ
မညီမျှသေးတဲ့ ဖွားဘက်တော်တွေထဲ
ငြင်းဆိုမှုဆိုတာ ခက်ခဲတဲ့ ပြဿနာဆိုရင်..။

 

အဆင်မပြေခဲ့တာ များလှပြီး…
အချိန်တွေလည်း ကုန်ဆုံးခဲ့ပြီး…
ကျန်ရစ်နေသူတွေအတွက်လည်း
နေရာမပေးနိုင်တော့ ငြင်းခုံမှုတွေ
တန်ပြန်ရိုက်ခတ်လာတော့ မူပြောင်းရမှာလား
လူပြောင်းရမှာလား တွေဝေနေဆဲ….။

 

တာဝန်ကြီးလည်း အသိဥာဏ်တွေအောက်
ထောင်ချောက်တခုလို လောင်ပိတ်ရင်း
မွန်းကြပ်လာတဲ့ စိတ်ဓာတ်တွေကို
အပန်းဖြေဖို့ နားခိုရာဆီကို ရောက်သွားခဲ့ပါရဲ့….။

 

အကြိမ်ကြိမ်လည်း မှောက်ကျခဲ့ဖူးတယ်…
အကြိမ်ကြိမ်လည်း ပြန်ထခဲ့ဖူးတယ်…
မတည်ငြိမ်သေးတဲ့ စိတ်ဓာတ်တွေလည်း
တည်ငြိမ်အောင် ရင်းနှီးပေးဆပ်ခဲ့ဖူးတယ်…
ဒဏ်ရာရဖူးတဲ့ ဒီလောက ဒီရင်ခွင်ထဲ
မေတ္တာတွေနဲ့ ပေါင်းကူးစီးဆင်းနေဆဲ…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Mar 23, 2012
Comment #1

အဆင်မပြေခဲ့တာ များလှပြီး…
အချိန်တွေလည်း ကုန်ဆုံးခဲ့ပြီး…
ကျန်ရစ်နေသူတွေအတွက်လည်း
နေရာမပေးနိုင်တော့ ငြင်းခုံမှုတွေ
တန်ပြန်ရိုက်ခတ်လာတော့ မူပြောင်းရမှာလား
လူပြောင်းရမှာလား တွေဝေနေဆဲ….။

commentinfo By: poohmay at Mar 23, 2012
Comment #2

khan sar arr pay twar par d

commentinfo By: ei lay at Mar 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment