Professional Authors

စိတ်တစ ရဲ့ ဒိုင်ယာရီ

အမှောင်ထုနက်နက် … ဒါကိုမှ အရောင်ထု အထပ်ထပ် ခြယ်ထားတဲ့နေရာ
ဘ၀ကို …တချို့ကိုဖတ် …တချို့ကိုမှတ်……မကျေနပ်လို့ တချို့မှ ရပ်ထားလို့ မရတဲ့အခါ…
ကဗျာ …နင်ဆိုတာ ဒဏ္ဍာရီ…သို့…မဟုတ်…ဒိုင်ယာရီ

နက်နက်နဲနဲလား….. ဖြူဖြူစင်စင်လား….သေချာတာက…..
ကဗျာဆိုတဲ့အမည်နာမ….ငါ့အတွက်..တခါမှမခါးသက်ခဲ့…..
နေထွက်မှ နေ၀င်…သို့မဟုတ် နေ၀င်မှနေထွက်
နင့်ဘေးနားရပ်…………..ငါ…ရပ်ခွင့်မရသေးတောင်…တနေ့နေ့ဆိုတဲ့စိတ်နဲ့….
ခြေလှမ်းတို့ မတ်ခဲ့သူပါ…..မိကဗျာ…..

ဒဏ်ရာဟု အမည်မတပ်စေလို……
 အနာဟု …. အမည်မတပ်လို…….
 သို့သော်……….. ဤသည်ကိုအလွမ်းဟုခေါ်သည်”…ကဗျာ

နင့်ရှေ့မှောက်ရပ် ……. နင့်တစ်ယောက်အတွက်လို့ အကြိမ်ကြိမ်ရွတ်
မင်္ဂလာပါ“လို့နှုတ်ဆက်ခွင့်မရတဲ့ ဘ၀ရဲ့စင်ပေါ်က နင့်ရဲ့ပျော်တော်ဆက်
နေရာအတွက် ….ဒဏ်ရာသေရာ.ပါ…ပါစေ
ထားရာနေ…စေရာသွား……အစေတော်ပါးခစားခိုင်းပါစေ…..
ငါ့နေရပ်ဆိုတာ နင်ရပ်နေတဲ့နေရာရဲ့အနီးတ၀ိုက်သာ…….

တစ်ပိုင်းတချို့ …. တစ်စတ၀က် ….. နင့်အတွက်ဆေးခြယ်ထားတဲ့ ကားချပ်…..
ခု…..”တစ်စုံဖြစ်ရန် တစ်ဥိးသာလိုတော့သည်”….ကဗျာ
နင့်အတွက်..ခြယ်..ထားတဲ့ဆေးတစ်စ
နင့်…အတွက်ရေးထားတဲ့အတွေး…တစ်စ
ကဗျာ ………..
တကယ်တော့ နင်ဆိုတာ……
                         စိတ် တ စ ရဲ့ ဒိုင် ယာ ရီ

In: ကဗျာ Posted By: Date: Mar 22, 2012
Comment #1

တစ်ပိုင်းတချို့ …. တစ်စတ၀က် ….. နင့်အတွက်ဆေးခြယ်ထားတဲ့ ကားချပ်…..
ခု…..”တစ်စုံဖြစ်ရန် တစ်ဥိးသာလိုတော့သည်”….ကဗျာ
နင့်အတွက်..ခြယ်..ထားတဲ့ဆေးတစ်စ
နင့်…အတွက်ရေးထားတဲ့အတွေး…တစ်စ
ကဗျာ ………..
တကယ်တော့ နင်ဆိုတာ……
စိတ် တ စ ရဲ့ ဒိုင် ယာ ရီ

တစ်စုံဖြစ်ရန် .. တဦး က လိုနေသေးတယ် တဲ့လား …

commentinfo By: ငယ် at Mar 22, 2012
Comment #2

ဟုတ်ကဲ့…မိကဗျာ ရှိပီလေ…ကိုကဗျာလို့မှမကြားမိသေးတာ…..လိုသေးတာပေါ့
ဟီးဟီး

commentinfo By: TharThar at Mar 22, 2012
Comment #3

really nice.
perfect both title & poem

commentinfo By: ei lay at Mar 22, 2012
Comment #4

so much like that read again

commentinfo By: ei lay at May 17, 2012
Comment #5

“နက်နက်နဲနဲလား….. ဖြူဖြူစင်စင်လား….သေချာတာက…..
ကဗျာဆိုတဲ့အမည်နာမ….ငါ့အတွက်..တခါမှမခါးသက်ခဲ့
မိုက်တယ်….:)

commentinfo By: Yone Bite Puu at Jun 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment