Professional Authors

မျှော်လင့်ရင်း ………..ဝေး

 …………. ရယ် ငါ မင်းကိုချစ်ခဲ့မိပြီကွာ
 အချစ်ကိုတန်ဖိုးမထားတတ်တဲ့ ကိုယ့်ကို
 မင်းကတန်ဖိုးထားလာတတ်အောင်
 လှလှကြီးကို ပညာပေးလိုက်တယ်နော် …..

 ကိုယ်မင်းကိုကျေးဇူးတင်ပါတယ်ကွာ
 အချစ်ကိုတန်ဖိုးထားတတ်အောင်သင်ပေးခဲ့လို့

 အချစ်ကိုမင်းနဲ့ တွေ့မှ တန်ဖိုးထားတတ်တဲ့
 ကိုယ့်နှလုံးသားက အကြောင်းမလှစွာနဲ့ပဲ
 မင်းရဲ့ အမုန်းလို့ခေါ်တဲ့ တိမ်တိုက်တွေက
 အချစ်ဆိုတဲ့ နေရောင်ခြည်လေး မမြင်ရအောင် အုပ်မိုးထားခဲ့တယ် ………

 တိမ်တိုက်တွေ ကြားထဲက ပေါ်ထွက်လာမဲ့ 
 နေရောင်ခြည်လေးများကို တမ်းတရင်း  ……….

 မိုးရွာမယ့်နေ့ကို အမြဲမျှော်နေတတ်တဲ့ ဖားကလေးတွေလို
 မင်းပြန်ချစ်လာမဲ့နေ့လေးကို
 ကိုယ်စောင့်မျှော်နေမိမှာပါ ………….
 
                                               
 

In: ကဗျာ Posted By: Date: Mar 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment