Professional Authors

ပုံပြင်

အဲဒီနေ့က ကဗျာဆန်အောင်
ကာရန်တွေ မညီခဲ့ပေမယ့်
ပြန်တွေးမိတိုင်း လွမ်းဖြစ်တယ်

ဝန်ခံခွင့်သာ ရှိခဲ့ရင်….
အတူတူထိုင်ခဲ့ဖူးတဲ့
ခုံတန်းလေးမှာ
တိုက်ခိုက်လာတဲ့ လေတွေရဲ့
ကျီစယ်တာကိုလည်း ခံနိုင်ရည် မရှိခဲ့ဘူး

ကြည်နူးမူ့တစ်ခု တမြတ်တနိုး
သိမ်းထားခွင့်ရခဲ့ရင်
သိမ်းထားဖြစ်တယ်…

မှတ်တမ်းတစ်ခုမှာ
ရေးမှတ်ခွင့်ရခဲ့ရင်
ဟန်ဆောင်ဖူးတယ် သိလား……
သတိရရင်း လွမ်းဖူးတဲ့နေ့တွေရှိခဲ့ဖူးတယ်

စကားလုံး မလှမပတွေကြား
ဗျာများခဲ့တယ်
ရုန်းမထွက်ရင် ရှုံးရမှာမို့
ရုန်းထွက်ဖို့ ကြိုးစားခဲ့ဖူးတယ်………..
 

In: ကဗျာ Posted By: Date: Mar 17, 2012
Comment #1

nice story.

commentinfo By: ei lay at Mar 17, 2012
Comment #2

thanks

commentinfo By: blackgradenia at Mar 17, 2012
Comment #3

ဝန်ခံခွင့်သာ ရှိခဲ့ရင်….
အတူတူထိုင်ခဲ့ဖူးတဲ့
ခုံတန်းလေးမှာ
တိုက်ခိုက်လာတဲ့ လေတွေရဲ့
ကျီစယ်တာကိုလည်း ခံနိုင်ရည် မရှိခဲ့ဘူး
..
နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Mar 17, 2012
Comment #4

ကြည်နူးမူ့တစ်ခု တမြတ်တနိုး
သိမ်းထားခွင့်ရခဲ့ရင်
သိမ်းထားဖြစ်တယ်…

commentinfo By: kantkawmg at Mar 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment