Professional Authors

ကျားကြီး ခြေရာကြီး

 

ကိုယ်တိုင်တော့ မသိလိုက်ဘူး
နောက်ကျောမှာတော့ အရိပ်တခုလို
လိုက်လာတဲ့ အတိက်တွေနဲ့
သမိုင်းတစ်မျက်နှာစာ ခြစားသွားတာ
အခုတော့လည်း ဖတ်စရာစာတစ်ပိုင်း
ပျောက်ဆုံးလို့ စာမျက်နှာအသစ်တခုက
ပစ္စပ္ပုန်မှာ အစားထိုးပေးလိုက်ရင်း
နှစ်ပေါင်းများစွာ ဖြစ်ရပ်မှန်တွေက
တယောက်တမျိုးနဲ့ ဟိုဟာမှန်တယ်
ဒီဟာမှန်တယ် ငြင်းဆိုခဲ့တာ
နောက်လူတွေအတွက် ဒွိဇစိတ်တွေနဲ့
သမိုင်းမှာကော အများပြောတွေမှာကော
ထင်ကျန်အမှတ်တရဖြစ်လို့ လူငယ်တွေအတွက်တော့
တွေဝေရှေ့ဆက်ရင်း အကျိုးနဲ့အကြောင်း မိတ်ဖွဲ့လို့
ဖွားဘက်တော် အတွေးခေါ်နဲ့အသိဥာဏ်တို့
အားကိုးခဲ့တာ အခုတော့လည်း….
အခုတော့လည်း… သက်သေနဲ့မျက်ရည်တွေက
အတန်းစားမညီညာလို့ ကျားကြီး ခြေရာကြီးတဲ့
သူတို့ခေတ်အောက်မှာ ဒုက္ခတွေပင်လယ်နေဆဲ…….။

 

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Mar 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment