Professional Authors

ရေခြားမြစ်

နီးလျက်နဲ့ ဝေးတဲ့ခံစားချက်
ဝေးသလိုလိုနဲ့ နီးကပ်လာတဲ့ ကြေကွဲခြင်း
ရရှိမှု ပေးဆပ်မှု မညီမျှခြင်းတန်ဖိုးက
တစ်စတစ်စပြင်းထန်လာတဲ့ သံသယဆိုးကျိုးများ

ငါအရမ်းချစ်ခဲ့တဲ့ ရိုးသားမှုမျက်ဝန်းမှာ
တဖြည်းဖြည်းအရောင်တွေနေရာယူလာပြီ
စာတွေအရမ်းတက်သွားတော့
ကကြီးခခွေး အခြေခံတရာ
နင်မေ့သွားတာ နင့်အပြစ်မဟုတ်ပါဘူး

နင့်ပတ်ဝန်းကျင်မှာ
လိုက်ဖက်တဲ့ဘ၀ကို ရသင့်တဲ့မိန်းမတွေ
နင့်ဘေးမှာ မရေမတွက်နိုင်ပါ
ဒါပေမယ့် ငါယုံကြည်ခဲ့တဲ့ ကတိစကားတော့
ဆက်လက်ယုံကြည်ဖို့ မျှော်လင့်ချက်တော့ပေးပါ

နင်တန်ဖိုးထားတဲ့ နင့်ရည်မှန်းချက် ငါနားမလည်ပါဘူး
နင်ကျွမ်းကျင်တဲ့ ခေါင်းစဉ် ငါမကြားဖူးခဲ့ဘူး
ဘာတွေဘယ်လိုပြောင်းလဲပါစေ
နင်က တစ်ချိန်တုန်းက ငါ့ချစ်သူပဲ……….

In: ကဗျာ Posted By: Date: Mar 17, 2012
Comment #1

mike de kwar,,

commentinfo By: ei lay at Mar 17, 2012
Comment #2

နင်တန်ဖိုးထားတဲ့ နင့်ရည်မှန်းချက် ငါနားမလည်ပါဘူး
နင်ကျွမ်းကျင်တဲ့ ခေါင်းစဉ် ငါမကြားဖူးခဲ့ဘူး
ဘာတွေဘယ်လိုပြောင်းလဲပါစေ
နင်က တစ်ချိန်တုန်းက ငါ့ချစ်သူပဲ……….

commentinfo By: အသဲကွဲမိုး at Mar 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment