Professional Authors

အလင်္ကာ (ဒဂုန်တာရာ)

ထိတွေ့စမူ

နားဝမှာလျှင် ၊ ကျယ်လောင်သွင်တည့်

မြင်လိုက်သည့်ခါ ၊ အာရုံမှာလည်း

မှုန်ဝါးမစင် ၊ ဝိုးဝါးထင်၏

ပဲ့တင်သံကား ၊ တိမ်တိုက်ကြားဝယ်

လွင့်ပါးလှိုင်းဝေ ပမာတည်း။

ခံစားတတ်မူ

မြင့်မြတ်ပညာ ၊ အလင်္ကာကား

မြင်ရာကြားမှု ၊ အာရုံစုကို

မနုမရိုင်း ၊ ပဲ့တင်လှိုင်းဖြင့်

လွင့်တိုင်းသံလွင် ၊ ကြည်ဘဝင်မှာ

ယဉ်ယဉ်ငြိမ့်ငြိမ့် လှသတည်း။

ဒဂုန်တာရာ

Comment #1

ခံစားတတ်မူ

မြင့်မြတ်ပညာ ၊ အလင်္ကာကား

မြင်ရာကြားမှု ၊ အာရုံစုကို

မနုမရိုင်း ၊ ပဲ့တင်လှိုင်းဖြင့်

လွင့်တိုင်းသံလွင် ၊ ကြည်ဘဝင်မှာ

ယဉ်ယဉ်ငြိမ့်ငြိမ့် လှသတည်း။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment