Poemscorner သို့ ပေးစာ
ကျွန်ုပ် နရီထက် ရဲ့ ကဗျာ တစ်ပုဒ်ဖြစ်သော စပွန်ဆာ ကို အဖြတ်ခံရသည်ကို တွေ့ရှိသည်။ ကျွန်ုပ်မှ နှစ်ကြိမ်တိတိ ပြန်တင်သည်။ ပြန်အဖြတ်ခံရသည်။ Poemscorner မှ Admin ကျွန်ုပ်အား အကြောင်းကြားစေသည်။ ကျွန်ုပ်ရဲ့ အတွေ့အကြုံ၊ ဘ၀ဖြတ်သန်းမှု ၊ စသည့်  ရသများကို ရေးသားနေသူ တစ်ဦးဖြစ်သည်။ စပွန်ဆာကဗျာအား ယခု ချက်ချင်းပြန်တင်ပေးပါရန်။ ပြန်မပေးလျှင် နောင်နောက် ဒီဝပ်ဆိုက်ဘ် စာရေးသားဖို့ အစီအစဉ် မရှိတော့ပါ။ အိမ်ရှင်ကို တန်ဘိုးထားခြင်းအားဖြင့် ဧည့်သည်အား ဧည့်ဝတ်ကျေပွန်စေချင်သည်။
သက်ဆိုင်သူ
Admin သို့
မှ
ကဗျာ၊စာရေးဆရာ
ကလောင်ရှင်
နရီထက်( မလေးရှားနိုင်ငံမှ )
Comment #2
ယခု လို့ ကူညီဆောင်ရွက်ပေးတဲ့ Poemscorner မှ Admin ကို ကျေးဇူးတင်ရှိလျက်
ကျွန်ုပ်က Poemscorner မှ ကဗျာစတင် ၀င်ရောက် ရေးခဲ့သူပါ။ အဲဒီကမှတဆင့် ကျွန်တော်ရဲ့ ကဗျာတွေက မလေးရှားနိုင်ငံမှာ ထုတ်ဝေတဲ့ ဂျာနယ်တွေ၊ မဂဇင်းတွေထဲ ပါလာတာပါ၊ အကျဉ်းချုပ်အားဖြင့် Poemscorner မှ
ဝါသနာရှင် အဆင့်အနေဖြင့် ၀င်ရောက်ရေးသားပြီး Professional အဆင့်ကို ရောက်လာခဲ့ပါတယ်။ Poemscorner က ကျွန်တော်အတွက်တော့ ပေါင်းကူးတံတားဖြစ်ခဲ့ရပါတယ်။ Comments တွေကို တွေ့ရင် ပျော်ရတယ်
Poesmscorner မှ အရင်ဆုံးရေးသားပြီး ဂျာနယ်တွေထဲ ပါလာရင် ပျော်ရပြန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိရဲ့ ကဗျာတစ်ပုဒ်၊ စာတစ်ကြောင်းကို စာဖတ်သူတွေကို Sharing လုပ်ပေးချင်တာ ကျွန်တော်ရဲ့ စေတနာပါ။ Poemscorner ကို ကျွန်တော် သံယောဇဉ်ကြီးကြီးနှင့် ခင်မင်လျှက်…
နရီထက်
By: Nayihtet at Feb 10, 2012




Comment #1
ကိုနရီထက်ခင်ဗျား ..
ကျွန်တော်တို့ Admin (Editor) အသင်းသည် တစ်နေ့တစ်နေ့ user ပေါင်းမြောက်များစွာတင်သော စာများကို ကျွန်တော်တို့ မအားမလပ်သောအချိန်များမှဖဲ့၍ တည်းဖြတ်ရပါသည်။ ထိုသို့တည်းဖြတ်သောအခါများတွင် PoemsCorner ၏ Terms of Service နှင့်မညီသော စာများကိုသာ အဓိကထား၍ဖြတ်ပါသည်။
ကိုနရီထက်၏ စပွန်ဆာကဗျာအား ကျွန်တော်တို့ Editor အသင်းမှ မတည်းဖြတ်ခဲ့ပါ။ ကိုနရီထက်တင်ထားသော ကဗျာနှစ်ပုဒ်လုံး အောက်ပါလင့်မှာ ဒီအတိုင်းပဲရှိနေပါသည်။
https://www.poemscorner.com/post-type/myanmar-poems/19867
https://www.poemscorner.com/post-type/myanmar-poems/19884
PoemsCorner အားသုံးစွဲမှု လူဦးရေ မြင့်မားလာမှုကြောင့် server load သက်သာစေရန် PoemsCorner ၏ System တွင် Post များအား Cache လုပ်ပါသည်။
ထိုသို့ Cache လုပ်ခြင်းကြောင့် တစ်ခါတစ်ရံ Post များတင်ပြီးသော်လည်း ချက်ချင်းတွေ့မြင်နိုင်မည်မဟုတ်ပါ။ ထိုသို့သောအခါများတွင် Browser မှနေ၍ Cache Clear လုပ်ခြင်းဖြင့်သော်လည်းကောင်း၊ ဒါမှမဟုတ် မိနစ် ၃ဝ (သို့) ၁နာရီလောက် စောင့်မှ မြင်ရမည်ဖြစ်ပါသည်။
ကိုနရီထက်ဘက်မှ မသိနားလည်မှုကြောင့် အထင်မြင်လွဲခြင်းဖြစ်သည်ဟု ကျွန်တော်တို့ ယူဆလိုက်ပါသည်။ သို့သော် ကိုနရီထက်အနေဖြင့် နောက်တစ်ခါအခုလို စာများဆက်လက်မရေးတော့ဘူးဟု ပြောကြားလာခဲ့သော် PoemsCorner မှ တားမည်မဟုတ်ပါ။ ထိုဆုံးဖြတ်ချက်သည် ကိုနရီထက်၏ ဆုံးဖြတ်ချက်သာဖြစ်ပါသည်။ PoemsCorner သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ချုပ်ကိုင်ထားခြင်းမရှိကြောင်း သိရှိစေလိုပါသည်။