Professional Authors

ကျွန်တော် တကယ်မအားလို့ပါ

ကျွန်တော် တကယ်မအားလို့ပါ

 

မအားဘူးကွယ်

နှမ်းဖြူးရဦးမယ်

မယောင်ရာ ဆီလူးရဦးမယ်

ကိုယ်ရည်သွေး တီးလုံးတွေ တီးရဦးမယ်

သူများမကောင်းကြောင်း ပြောရဦးမယ်

မိုးခါးရေ ရောင်းစားရဦးမယ် ( ကိုယ့်မှာ ပိုနေလို့  )

မတော်တဲ့ဦးထုပ်ကို ဖိနပ်နဲ့လဲရဦးမယ်

မျက်နှာဖုံးမှာ အပြုံးတွေတပ်ရဦးမယ်

ထိုင်ခုံနဲ့ ဂဟေဆက်ရဦးမယ်

လက်နှစ်ဖက်ကို ဒေါင်လိုက်ထားရဦးမယ်

သူမကို စက်ဝိုင်းလေးလို ချစ်ရဦးမယ်

အမေ့ကို ပိုက်ဆံအိတ်လေး ဝယ်ပေးရဦးမယ်

လက်မှတ်တရွက်ဖြတ်ဖို့ ဘုရားရှိခိုးရဦးမယ်

အဖေ့လက်သီးတစ်လုံးကို နမ်းရဦးမယ်

ကြွေးဟောင်းကြွေးသစ် ကိစ္စနဲ့ နေ့ပြန်တိုး ရှင်းရဦးမယ်

ထပ်ပြောရင် ခင်ဗျားတော်တော် စိတ်ညစ်တော့မယ်

ကျွန်တော် တကယ်မအားလို့ပါ

ကျွန်တော့် အဲဒီကစားဝိုင်းကို စိတ်ဝင်စားပါတယ်

မအားလို့ နောက်မှ ကစားတော့မယ်

 

ချီရွန် ( ပုလဲ )

 

ပထမဆုံး နှမ်းဖြူးတဲ့ ကိစ္စနဲ့ မယောင်ရာ ဆီလူးတဲ့စာသားက ဆရာအော်ပီကျယ်ရဲ့ ကျကြမ်းကို ဖတ်ရင်း ကျွန်တော်လည်း အတွေးဝင်သွားပြီး ရေးမိတဲ့ ကဗျာပါ။

In: ကဗျာ Posted By: Date: Mar 14, 2012
Comment #1

he,,he,,
arr pay twar par d

commentinfo By: ei lay at Mar 14, 2012
Comment #2

ဆွေ ၇ ဆက် မျိုး ၇ ဆက် ကိစ္စတွေပါ ပါလာရင် ရွာလည်တာပဲ

commentinfo By: kantkawmg at Mar 15, 2012
Comment #3

အာ မမ ချလွမ်လား….အရမ်းမိုက်တယ်

commentinfo By: Than Yaw Zin at Mar 15, 2012
Comment #4

အားပေးသွားပါတယ်……

commentinfo By: May Kha at Mar 15, 2012
Comment #5

Than Yaw Zin ခင်ဗျာ မမ မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော့်ကို အဲဒီကောင်မလေးနဲ့ အမြဲမှားတတ်ကြတယ်။ ကျွန်တော်က ချီရွန် ( ပုလဲ ) ပါ။ ယောက်ျားလေးပါခင်ဗျာ။ အားပေးမှုကို အထူးကျေးဇူးတင်ပါတယ်။ =)

commentinfo By: ChIr0N at Mar 15, 2012
Comment #6

Ei le arr bu..
Poems tway phat p yin khone nay ya loh.
😛
😛

commentinfo By: ei lay at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment