Professional Authors

တဆင့်စကားလေးနဲ့ပဲ

ကို…. အရမ်းချစ်တတ်တာပဲ
တဆင့်စကား ကြားရချိန်မှာ ကျွန်မ မျက်ရည်တွေ
ဟန်မဆောင်နိုင်အောင်ကျဆင်းရပြီ

ကို့ချစ်သူ အရမ်းကံကောင်းတာပဲ…..
တဆင့်စကားကြားရချိန်မှာ
ကျွန်မကို ရက်စက်ခဲ့တာတွေက လုပ်ဇာတ်တစ်ပုဒ်လိုပဲ

ကိုအရမ်း အနွံတာခံတာပဲ……
တဆင့်စကား ပြောသူတွေ၇ဲ့
သနားသလို အကြည့်တွေ ငါရှောင်ပုန်းတတ်ချင်ပြီ

ကိုတို့ အတွဲ သိပ်လိုက်ဖက်တာပဲ….
တဆင့်စကားပြောတာ ကြားရတာနဲ့
ကို့ ကောင်မလေးက အရမ်းချစ်ဖို့ကောင်းမှန်း သိသာပါတယ်

ကို့ချစ်သူ …….. ကျွန်မ မဟုတ်တော့ပေမယ့်
သူငယ်ချင်းလို ဆက်နေရအောင်
ကမ်းလှမ်းချက်ကို ကျွန်မ လက်ခံပါတယ် ကို

In: ကဗျာ Posted By: Date: Mar 31, 2012
Comment #1

အားပေးသွားပါတယ်….ခံစားချက်လေးနဲ့တိုက်ဆိုင်လို့ပါ..

commentinfo By: ကြယ်စင်နတ်သမီး at Mar 31, 2012
Comment #2

ဘယ်လိုပြောရမှန်းတောင်မသိဘူး….လင်းရ
ကဗျာလေးကိုတော့….ခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Mar 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment