Professional Authors

နောက်ဆုံးကဗျာ

2010 August….

ကာတွန်းရုပ်လေးတွေကြိုက်တဲ့ကောင်မလေး….

ငါအွန်လိုင်းမှာအချိန်ဖြုန်း….

ချစ်စရာကာတွန်းရုပ်လေးတွေရှာပြီး Tag လုပ်ရတာအမော….

သူလေးနဲ့ခင်မင်ဖို့ ငါ့မှာကာတွန်းရုပ်တွေချစ်တတ်လာတယ်….။

 

သူလေးဆီက Like ပြန်လာရင်….

ပြောစရာစကားရှာရတာလည်း ၀တ္တုစာအုပ်တွေစုံနေပြီ….

သူလေးရဲ့ Friends List ထဲကသူ့အကြောင်းတွေစုံစမ်းရင်း….

သူလေးကြိုက်မယ်ထင်တဲ့အကြောင်းတွေ ထိုင်ထိုင်တွေး….

နေရင်းထိုင်ရင်း ငါဝတ္တုတွေရေးတတ်လာတယ်….။

 

အဟီး…ရီရတယ်တဲ့….

ငါ့ဝတ္တုကိုဖတ်ပြီး အဲ့လိုပြောတဲ့အချိန်….

သူပြုံးနေတာလေး မြင်ယောင်မိတယ်…

အနားရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ…

စိတ်ကူးယဉ်ရင်း ငါကဗျာတွေရေးတတ်လာပြန်တယ်….။

 

သူလေးပြုံးနေတာကို မြင်ခွင့်မရှိပေမယ့်….

သူလေးအမြဲပြုံးနေစေချင်တဲ့ ငါ ဟာသတွေလေ့လာ…

ငါရေးတဲ့ ၀တ္တု၊ ကဗျာတွေမှာ ဟာသတွေလေ….

သူလေးနဲ့ချက်ရင်လည်း ငါပြောင်ပျက်ပျက်….

သူလေးပြုံးနေဖို့ ငါ လူနောက်တစ်ယောက် ဖြစ်ခဲ့တယ်….။

 

ငါ….အွန်လိုင်းမှာ အချိန်ဖြုန်း…

သူလေးနဲ့ခင်မင်လာတယ်….ငါ့သူငယ်ချင်းတွေနဲ့လည်း သူလေးနဲ့ခင်မင်လာတယ်….

ဘာလိုလိုနဲ့ ငါတို့တွေတစ်ဖွဲ့တည်းဖြစ်လာတယ်….

ပြန်လာရင် ငါတို့တစ်ဖွဲ့လုံးမုန့်တူတူသွားစားရအောင်တဲ့….

ငါပျော်လိုက်တာဟာ……။

 

Donut King မှာငါတို့တွေ မုန့်တူတူစားခဲ့ကြတယ်….

ငါ့မှာပျော်လွန်းလို့ စကားတောင်ပြောမထွက်….

ငါအပြင်မှာ တွေ့ချင်တဲ့သူ့အပြုံးလေး…

ငါ့စိတ်ကူးယဉ်ထဲကထက်တောင်လှသေး…

ရင်ခုန်လွန်းလို့ ရေနွေးကြမ်းသာ ဖိသောက်နေရတယ်….။

 

ငါလွမ်းတတ်လာတယ်….

ပုခုံးလေးမှီပြီးလမ်းလျှောက်နေတဲ့ ချစ်သူတွေတွေ့ရင် ငါအားကျလာတယ်….

သူလေးအနားမှာ နေခွင့်တွေ့ခွင့်ရှိတဲ့လူတွေကို ငါအားကျတယ်….

သူလေးတစ်ခြားကောင်လေးတွေနဲ့ လျှောက်လည်တယ်ကြားရင် ငါကြေကွဲ….

ငါ့ကဗျာ ငါ့ဝတ္တုတွေ အလိုလိုနေရင်း အလွမ်းတွေဖြစ်ကုန်တယ်….။

 

ငါ မွှန်းကြပ်နေပြီ….

သူလေးဆီက မျှော်လင့်ချင်လာတယ်….

ငါ့သူငယ်ချင်းတွေကို ရင်ဖွင့်တိုင်ပင်ကြည့်တယ်….

ငါ ပိုကြေကွဲနေရတယ်….မင်းအတော်နောက်တဲ့လူဘဲတဲ့….

ငါ လူနောက်လုံးလုံးဖြစ်ခဲ့တယ်…..။

 

ငါဒီတိုင်းဆက်နေသင့်တယ်…ငါမျှော်လင့်ရမလား….

ငါ့ကိုငါ မေးခွန်းတွေနဲ့မွှန်းကြပ်…သူလေးဆီက အငြင်းကိုငါကြောက်ခဲ့…

အရဲစွန့်ပြီး ငါရင်ဖွင့်ခဲ့တယ်….

ငါမှားသွားပြီလား….

အော်…ဒါဟာ ငါ့ရဲ့နောက်ဆုံးကဗျာ ဖြစ်ခဲ့ပြီပေါ့…..။

In: ကဗျာ Posted By: Date: Mar 14, 2012
Comment #1

oh,,
nice story?
never give up,,fighting,

commentinfo By: ei lay at Mar 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment