Professional Authors

နင့်အတွက် နောက်ဆုံးကဗျာ

မင်းကို ချစ်တဲ့အချစ်ကြောင့်
ငါရေးတဲ့ကဗျာတွေက အချစ်ကဗျာတွေပေါ့….
မင်းကို စိတ်ကူးယဉ်မိတော့
ငါရေးတဲ့ကဗျာတွေက စိတ်ကူးယဉ်ကဗျာတွေပေါ့…
မင်းလှည့်စားမှုတွေ ငါရိပ်မိတော့
ငါရေးတဲ့ကဗျာတွေက လှည့်စားခံရသူတစ်ယောက်ရဲ့
ခံစားမှု ကဗျာတွေပေါ့….
မင်းနဲ့ပါတ်သတ်သမျှ ခံစားချက်တွေက
ငါ့ရင်ကိုဖွင့်အန်ထွက်လာတဲ့
နှလုံးသွေးနဲ့ရေးတဲ့ ကဗျာတွေလေ….
ခုဆိုရင်………
ငါ အမုန်းကဗျာတွေ ဖော်ထုတ်ချင်တယ်…….
ငါ အမုန်းကဗျာတွေ ဖော်ထုတ်ဖို့ ကြိုးစားတိုင်း….
ကာရံတွေက စွန့်လွှတ်ခြင်း ခွင့်လွှတ်ခြင်းတွေ
တည်ဆောက်ကုန်တယ်…………

In: ကဗျာ Posted By: Date: Dec 7, 2011
Comment #1

နောက်ဆို ဘယ်သူအတွက် ကဗျာတွေ ထွက်ပေါ်လာတော့မလဲ မသိ

Comment #2

😀
လှောင်တာပေါ့လေ…
သူကလွဲလို့ ဘယ်သူမှ ကဗျာရေးနိုင်လောက်တဲ့ ခံစားချက် မပေးနိုင်သေးပါဘူးဗျ…

Comment #3

kwi,,kwi,,
saunt kyi like kya soe,,ko lu lin yae

commentinfo By: ei lay at Jan 14, 2012
Comment #4

တော်တော်ကြီးမုန်းထားတဲ့ အမုန်းကဗျာတစ်ပုဒ်လောက်တော့ရေးချင်တယ်ဗျာ
ဒါပေမယ့် ဘယ်ကစရေးရမှန်းမသိဘူး
ဒီကဗျာလေး ဖတ်လို့ကောင်းပါတယ်
အားပေးသွားပါကြောင်း ~~

With respect,
RAY

commentinfo By: X - ray at Dec 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment