Professional Authors

´နောက်ဆုံးကဗျာ`

´နောက်ဆုံးကဗျာ`

    (For Juno)

သေချာသည်က
ငါသည် ငါ မဟုတ်တော့သလို
ငါ့စိတ်နှလုံး ငါ မပိုင်တော့သလို
ငါ့အတွေးမှာ မင်း စိုးမိုး
ငါ့စကားများ ဆွံအ
ငါ့သတိတွေ မင်း အကြည့်မှာ
အသိတွေမဲ့….
ငါ့တည်ငြိမ်မှုတွေ မင်း အပြုံးမှာ
လက်နက်ချလို့
ငါ့ဘ၀ကို ကိုင်လှုပ်ဖို့
ဘယ်နတ်ဒေ၀ါကများ
မင်းကို ဖန်ဆင်းခဲ့သလဲ…  Juno။     ။

ချိုသာ ရင်အေး အသံလှိုင်းလေးတွေ
သွယ်လျတဲ့ လက်ချောင်းလေးတွေ
ဒီဆံပင် လှိုင်းတွန့်လေးတွေ
နတ်ပျိုမေတစ်ပါး မဆန်စွာ
ငါ့ကို ပြုစား…
တည်ငြိမ်အေးချမ်းတဲ့ ဒီအလှတရားတွေနဲ့
ငါ့ရင်ခွင်မှာ နင်ဟာ နတ်သမီးတစ်ပါးလိုပါပဲ…. Juno။     ။

In: ကဗျာ Posted By: Date: Oct 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment