Professional Authors

— ခါးသက်သက်နေ့ရက်တွေမှာ မင်းမပါခဲ့ဘူး —

 ——ခါးသက်သက်နေ့ရက်တွေမှာ မင်းမပါခဲ့ဘူး —–

ခါးနေတဲ့အတိတ်တွေကိုလည်း ဟန်လုပ်ပြီးငါမချိုချင်ခဲ့ပါဘူး

အရာရာဟာ မနေ့ကအတိုင်းပြင်ဆင်ခွင့်ရှိဦးမယ်ဆိုရင် ပြင်ဆင်ချင်ပါသေးတယ်

မငိုတတ်ခဲ့တဲ့ နေ့ရက်တွေအကြောင်း နာကျင်လျက်နဲ့ဆက်လျှောက်ဖြစ်ခဲ့တဲ့ လမ်းပေါင်းများစွာအကြောင်း …

ဒဏ်ရာတွေတိုင်းသာ ထင်ကျန်တတ်ခဲ့မယ်ဆိုရင်

အမာရွတ်တွေနဲ့ပြည့်နေတဲ့ ငါ့ရင်ခွင်အစုံကိုဟန်ဆောင်ဖုံးထားမနေသင့်ပါဘူး

ခွဲခွာခြင်းတွေတိုင်းသာ အသက်ဖြစ်ခဲ့မယ်ဆိုရင် ငါဟာအကြိမ်ကြိမ်သေဆုံးနေသူလူသားတစ်ယောက်ပါ

လေးနက်ခြင်းတွေနဲ့ တည်ဆောက် သက္ကရာဇ်တွေအကြိမ်ကြိမ်ပြိုဖျက်ခဲ့ရသူပါ

မီးခိုးငွေ့တွေနဲလူဆိုတာ ရင်ခွင်တစ်ခုလုံးမီးလောင်ခံရပြီးမှဖြစ်လာရတာပါ

စီးကရက်တစ်တောင့်ရဲ့ အရသာကမီးခိုးငွေ့လို့ဆိုခဲ့ရင်

ငါ့ရဲ့ အချစ်ဆုံး မင်းရဲ့အရသာက အလွမ်းနဲ့ နာကျင်မှုဘဲ

လုံးချေခံလိုက်ရတဲ့ တစ်ရှးတစ်ရွက်ဟာ

အကောင်းပတိပြန်ဖြစ်ခွင့်မရှိတော့သလို

လှိုင်းတွန့်ရာလေးအဖြစ်တော့ ထင်ကျန်နေဦးမှာဘဲလေ

နောင်မှတ လို့ရတဲ့ နောင်တတွေ နဲ့အတူ

အတိတ်ကိုအတိတ်မှာထားခဲ့လို့ ပစ္စပန်မှာ သန့်ရှင်းခွင့်ပြုပါတော့

ကျိုးကြေနေတဲ့ စီးကရက်တောင့်များစွာနဲ့ လဲပြိုနေတဲ့ပုလင်းခွံတွေကြားထဲကဘ၀ကို

ရှံးထွက်ဖို့ကြိုးစားရင် စစ်မှန်တဲ့ချစ်ခြင်းဆိုတာကို ရှာဖွေနေမိတယ်

သေဆုံးသွားခြင်းမရှိတဲ့ အချစ်တွေနဲ့အတူ

ရှင်သန်ခြင်းဆိုတာ ကိုထပ်ခါထပ်ခါ မွေးဖွားတယ်

ရုပ်မဲ့အသံစကားပြောခြင်းကို တစ်ဖတ်ကန်းခတ်ခုံမင်နေမိတော့လည်း

ကိုနရီကိုအားနာမိပြန်တယ်

တကယ်ဆို လွမ်းမောခြင်းတွေနဲ့ဘဲ ရှင်သန်နေရတဲ့

ငါ့နေ့ရက် အချိန်တွေကို အဆုံးသတ်စေချင်မိပြီ

                                                                                               မာန်ခက်ဝင့်

In: ကဗျာ Posted By: Date: Mar 12, 2012
Comment #1

hote de naw.
myan myan a sone tat par say loh su taung pay par de,,,

commentinfo By: ei lay at Mar 13, 2012
Comment #2

မီးခိုးငွေ့တွေနဲလူဆိုတာ ရင်ခွင်တစ်ခုလုံးမီးလောင်ခံရပြီးမှဖြစ်လာရတာပါ
ကျွန်တော် မြတ်နိုးသော ဆရာ တာရာမင်းဝေ ရဲ့ စာသားလေး…..

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #3

ကျေးဇူးတင်ပါတယ် မ အိလေးနဲ့ အမမိုး 🙂

commentinfo By: Man Khat Wint at Mar 13, 2012
Comment #4

ခံစားနှစ်သက်သွားပါတယ်…..

commentinfo By: poem.poem28 at Mar 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment