Professional Authors

မိုး-ရွှေကြယ်မိုး

မျက်နှာမှာ သုတ်ပစ်လို့မရအောင်
စိုစွတ်တယ်…
ပါးပြင်မှာ ချောင်းပေါက်မတတ်
နင်းလျှောက်တယ်

တစ်ခါခါတော့
ယုံစားရလောက်အောင်ကို
ငြိမ်သက်နေတော့တာပေါ့…
ဘယ်လောက်ပဲ လိမ္မာနေပါတယ်ပြောပြော
မိုးကြိုးခတ်သံတွေလာလိမ့်မယ်…
သိပါတယ်…ကွယ်

ကြည့်နေလိုက်ပါ…
တိမ်တွေက မှိုင်းနေတာလေ
လေတွေနဲ့ အတူရိုင်းကြဖို့ထင်ပ…
သြော်…လမ်းနဲ့မဆန့်တော့တဲ့ ငါတို့
ခြေထောက်တွေ မိုးခိုကြဖို့ ပြင်ကြစို့ကွယ်

                                                     ရွှေကြယ်မိုး
www.poemyae.blogspot.com
[email protected]

In: ကဗျာ Posted By: Date: Mar 10, 2012
Comment #1

အကို…အားပေးသွားပါတယ်…

commentinfo By: poem.poem28 at Mar 11, 2012
Comment #2

မိုးရာသီအမှတ်တရကဗျာလေးပေါ့
မိုက်တယ်ဗျို့
မိုးရာသီကိုတော့မကြိုက်ဘူးဗျ ကျွပ်ပေါလို့ ။

commentinfo By: X - ray at Mar 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment