Professional Authors

အလွမ်းအချို့ နဲ့  တက္ကသိုလ်မြေ

တစ်ခါက တက္ကသိုလ် Eco မြေမှာ
မထင်မှတ်ပဲ သူနဲ့ စဆုံ
အပြုံးများနဲ့ အကြည့်  နှလုံးသားအထိမှာ
ရင်ခုန်တက်စ ပြုခဲ့ ပြီ။
ရင်ခုန်ခြင်းအစ နှလုံးသားခရီးအဆုံးထိ
ရင်ခုန်သံစဉ်တွေရဲ့  အကူအညီနဲ့ 
ခရီးဆက်ခဲ့ ၏။
ဒီလိုနဲ့ …………..
တို့ နှစ်ယောက် အချစ်ထံသို့  ရောက်ခဲ့ ကြ၏။
တက္ကသိုလ်၏ အရိပ်
စွယ်တော်ပင်အောက်က ခုံတန်းလေးပေါ်မှာ
အချစ်ပင်တွေစိုက်ပျိုး ရွှင်မြူးခဲ့ ကြ၏။
လမ်းခွဲခြင်းဆိုတဲ့ အရာကို မတွေးမိခဲ့ ကြ
လမ်းခွဲ ခြင်းရဲ့  အစဟာ
Final တစ်ခုရဲ့  Exam အပြီးမှာ
ချစ်သူနှစ်ဦးကို အတွေးများနဲ့ ဆွေးစေခဲ့ 
ဘ၀က မခိုင်တော့ 
နှစ်ယောက်အတူ လက်တွဲလို့ လဲ မဖြစ်
ကံကြမ္မာကိုယုံ တို့ နှစ်ယောက်
တစ်နေ့ နေ့ ပြန်ဆုံမယ်လို့  ကတိပြုရင်း
လက်ပြနှုတ်ဆက်…….
မျက်ရည်စက်နဲ့ ……….
ရင်မှာစူးနစ်………….
အလွမ်းရက်ရှည် ကြာစေ၏။

In: ကဗျာ Posted By: Date: Aug 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment