Professional Authors

ပြန်စားမိတဲ့ ကိုယ့်ညတွေ

ပြန်စားမိတဲ့ ကိုယ့်ညတွေ

 

နေရောင်ခြည်ဟာ တလောကလုံးအတွက်ပါ

အခုတော့ ခင်ဗျားတို့ လက်ဝါးကြီးခဲ့လေတယ်

ကျုပ်လို မှိန်မှိန်ဝါးဝါးကောင်လေးအတွက်

ခင်ဗျားတို့ လက်ချဲပေးမှ ရမဲ့ နေခြည်တစက်

ရင်ဘတ်ဟက်တက်နဲ့ကို ငတ်လွန်းရဲ့

လက်ဗလာ ခြေဗလာနဲ့ကောင်မို့

ရင်ထဲမှာ ဘယ်လောက်စို့နင့်ကြေကွဲ

မျက်ရည်တောင် မဝဲ ဝင့်ပါဘူး

ဟုတ်တယ် ခင်ဗျားတို့ လက်ဝါးတွေ ကြီးခဲ့ပါတယ်

မီးတောက်ဖို့ လောင်စာထည့်ရမယ် ငါ့ညီ တဲ့

ကျုပ်က အဲဒီသီအိုရီလည်း ပီသအောင် မရွတ်နိုင်ဘူးလေ

ရိုးရိုးလေးနဲ့ သေခဲ့ပါတယ် ကျုပ်မာနတွေ

စေလိုရာစေဆိုပြီးလည်း နေခဲ့ဖူးတယ်

ဘီယာထက်က အမြှပ်တွေလို ကြွေပေးခဲ့ဖူးတယ်

ဘာမှထူးမလာဘဲ ဝေဒနာသာ တိုးလာတော့

ဟောဒီချောင်ထဲက ကောင်သိမ်ကောင်မွှား

ကိုယ့်ညကိုယ်ပဲ ပြန်ပြန် စားနေရတယ်။

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Mar 6, 2012
Comment #1

လက်ဗလာ ခြေဗလာနဲ့ကောင်မို့
ရင်ထဲမှာ ဘယ်လောက်စို့နင့်ကြေကွဲ
မျက်ရည်တောင် မဝဲ ဝင့်ပါဘူး

commentinfo By: kantkawmg at Mar 6, 2012
Comment #2

ကျုပ်က အဲဒီသီအိုရီလည်း ပီသအောင် မရွတ်နိုင်ဘူးလေ

ရိုးရိုးလေးနဲ့ သေခဲ့ပါတယ် ကျုပ်မာနတွေ

စေလိုရာစေဆိုပြီးလည်း နေခဲ့ဖူးတယ်
ဘာမှထူးမလာဘဲ ဝေဒနာသာ တိုးလာတော့

ဟောဒီချောင်ထဲက ကောင်သိမ်ကောင်မွှား

ကိုယ့်ညကိုယ်ပဲ ပြန်ပြန် စားနေရတယ်။

commentinfo By: May Kha at Mar 6, 2012
Comment #3

ရိုးရိုးလေးနဲ့ သေခဲ့ပါတယ် ကျုပ်မာနတွေ

စေလိုရာစေဆိုပြီးလည်း နေခဲ့ဖူးတယ်

commentinfo By: D26 at Mar 7, 2012
Comment #4

တော်လိုက်တာဗျာ

commentinfo By: အသဲကွဲမိုး at Mar 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment