Professional Authors

အိပ်မက်လမ်းဆုံ

 

အချစ်ဟာ…ဘ၀ထဲ

အမှတ်တမဲ့..၀င်ရောက်

တဒင်္ဂကို…တဘ၀စာအဖြစ်.

     အ

    မှတ်

     တ

     ရ

ကျွန်တော်..သိမ်းဆည်းထားဖြစ်တယ်

 

ဒါ..အမှားဆို..အများနဲ့ယှဉ်

ရှုံးနိမ့်ရဲတယ်

တသက်မှာ..တယောက်..ချစ်တတ်ဖို့

ဘယ်နှဘ၀စာလောက်..စတေး..ဖို့လိုပါသလည်း???

 

အမေးနဲ့အဖြေများ

သီချင်းသံများ…ဆေးပြားများ

သူငယ်ချင်းများ..သူမ..ကျွန်တော်

ခင်ဗျား…LCD မီးရောင်တွေနဲ့

ဦးနှောက်မှာကျီးကန်းတွေ

ငါ့ကိုခေါင်းစားနေဆဲ

 

အနမ်းနဲ့ထွေပြစ်ဖို့

မျက်ရည်နဲ့မူးယစ်ဆေးက

အားဆေးလား

ကဗျာနဲ့ HIP HOPသာ

နေ့တွေနဲ့ညတွေဖြစ်ဆဲ

အတိတ်ဆိုတာ…သုံပုရာရေတစ်ခွက်

 

ငါ..ဟက်ဟက်ပက်ပက်..စားသုံးဖြစ်ခဲ့တယ်

 

တစ်ယောက်ထဲဆိုတဲ့အသိဆိုးတွေအောက်

မာနတွေခ၀ါချ….

တံတိုင်းမဖြစ်တော့မယ့်..တံတားတွေတည်ဆောက်

တကယ်တမ်း..ကျွန်တော်

အထီးကျန်မှုတွေနဲ့..မှောက်မှားနေခဲ့တာပဲ

ဖြစ်ပါလိမ့်မယ်

 

ခေတ်အဆက်ဆက်..ပြဿဒါးမိတ်ဖက်လို့

အတိတ်များ..ပျောက်ပျက်နေတဲ့ကောင်

ဒီဘ၀မှာ..အချစ်ရောင်တွေနဲ့..

နမိတ်မဆက်တော့ပါဘူး။


ရက်တွေ..အာဝါဒါးလား

ခင်ဗျားသိသလိုကျွန်တော်လည်းသေနေတယ်

တဖက်စွန်းတဖက်တချက် အပြန်အလှန်ရပ်ဖို့

အတ္တနဲ့ရွေးချယ်ပါ..

လူဖြစ်ချင်းရဲ့ထွန်းပမှုကို

မင်းနဲ့ငါ..မာနနဲ့တောက်ပမယ်

လွမ်းရင်ကြိတ်ငိုပါ

ဝေးသလိုနဲ့..နီးစပ်ဖို့

ကျုပ်တို့မှာ…အသိစိတ်တွေလိုကိုလိုအပ်နေတယ်။

 

ယုံပါ..အချစ်ရယ်..မျက်စိမှိတ်လိုက်တိုင်းကိုယ်ရှိနေမယ်

 

 

မောင်မြတ်သူ ၊ အသဲကွဲမိုး

In: ကဗျာ Posted By: Date: Mar 5, 2012
Comment #1

ဒါ..အမှားဆို..အများနဲ့ယှဉ်

ရှုံးနိမ့်ရဲတယ်

commentinfo By: nate thit at Mar 5, 2012
Comment #2

အော် ဒါလေးက အစ်ကိုနဲ့အစ်မအတူတူရေးကြတဲ့ ဒုတိယမြောက်ကဗျာလေးထင်တယ်
ဖတ်လို့ကောင်းသဗျ
ပထမပိုဒ် ၊ ဒုတိယပိုဒ် ၊ ငါးပိုဒ်မြောက်နဲ့ ခြောက်ပိုဒ်မြောက်တွေကို အစ်မတော်အသဲရေးထားတာထင်တယ်ဗျ မိုက်တယ် ကိုမြတ်သူရအောင်အရေးအသားတွေလည်းကောင်းပါတယ် အစ်မတော်အသဲရဲ့အဖွဲ့တွေကိုတော့မှီမယ်မထင်ဘူး:) အစ်ကို နဲ့ အစ်မက တစ်ယောက်အတွေးတစ်မျိုးစီနဲ့ ကဗျာလေးကိုရေးထားတော့ ဖတ်တဲ့သူတွေကိုအရသာအမျိုးမျိုးပေးနိုင်တာပေါ့ ကောင်းတယ်ဗျာ ။

commentinfo By: X - ray at Mar 5, 2012
Comment #3

he,,he,,
kyike twar p,,
3 khar phat p hma comment pay like dar,

commentinfo By: ei lay at Mar 5, 2012
Comment #4

အကိုနဲ့အမ…ရေ……
ခံစားအားပေးသွားပါတယ်….good.တယ်

commentinfo By: poem.poem28 at Mar 6, 2012
Comment #5

ဒါ..အမှားဆို..အများနဲ့ယှဉ်

ရှုံးနိမ့်ရဲတယ်

တသက်မှာ..တယောက်..ချစ်တတ်ဖို့

ဘယ်နှဘ၀စာလောက်..စတေး..ဖို့လိုပါသလည်း???

commentinfo By: Nge Lay at Mar 6, 2012
Comment #6

ရက်တွေ..အာဝါဒါးလား

ခင်ဗျားသိသလိုကျွန်တော်လည်းသေနေတယ်

တဖက်စွန်းတဖက်တချက် အပြန်အလှန်ရပ်ဖို့

အတ္တနဲ့ရွေးချယ်ပါ..

လူဖြစ်ချင်းရဲ့ထွန်းပမှုကို

မင်းနဲ့ငါ..မာနနဲ့တောက်ပမယ်

လွမ်းရင်ကြိတ်ငိုပါ

ဝေးသလိုနဲ့..နီးစပ်ဖို့

ကျုပ်တို့မှာ…အသိစိတ်တွေလိုကိုလိုအပ်နေတယ်။

commentinfo By: May Kha at Mar 6, 2012
Comment #7

လွမ်းရင်ကြိတ်ငိုပါ
ဝေးသလိုနဲ့..နီးစပ်ဖို့
ကျုပ်တို့မှာ…အသိစိတ်တွေလိုကိုလိုအပ်နေတယ်

commentinfo By: kantkawmg at Mar 6, 2012
Comment #8

ယုံပါ..အချစ်ရယ်..မျက်စိမှိတ်လိုက်တိုင်းကိုယ်ရှိနေမယ်။

ဟုတ် ယုံတယ် မိုး ရယ်…..။
အားပေးသွားတယ်နော်။။။။ ကဗျာလေးက ကောင်းတယ်ဗျ။။။

commentinfo By: kaythari at Mar 6, 2012
Comment #9

ကဗျာကိုတော့ ခံစားလို့ရပါတယ် ဒါပေမဲ့ ကျွန်တော်က ရက်တွေ အာဝါဒါးလားဆိုတာတော့ နားကို မလည်တာ။ ပိန်းချက်က ဟိန်းထွက်နေတာပဲလို့ ပြောလည်း ခံရမှာပဲ။ အဲဒီ အာဝါဒါးဆိုတာကို ဘာအဓိပ္ပါယ်လဲ မသိဘူး။ မြန်မာ အဘိဓာန်ထဲလည်း ရှာကြည့်သေးတယ် မတွေ့ဘူး။ 😛

commentinfo By: chiron at Mar 6, 2012
Comment #10

he,,he,,
hote de,,
ei lay le ti chin de

commentinfo By: ei lay at Mar 7, 2012
Comment #11

အာဝါဒါး =အရမ်းညံဖျင်းမှုနဲ့ စုတ်ပြတ်သတ်နေမှုကို ခိုင်းနှိုင်းတဲ့ တရားလွန်သုံးနှုန်းချက် ဗန်းစကားလုံးပေါ့ ကိုချီနဲ့မအိလေး 🙂

commentinfo By: မောင်မြတ်သူ at Mar 9, 2012
Comment #12

thz so much par..
thz for sharing ur knowledges,

commentinfo By: ei lay at Mar 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment