Professional Authors

ကွန်

ဒီအခြေအနေဟာ ဒီထက်ပိုပြီး ရှည်လျားခဲ့ရင်
ဇာတ်လမ်းဟာ တစ်မျိုးတစ်မည်ပြောင်းသွားနိုင်တယ်

ရှင် ကျွန်မကို ဒီအတိုင်းပဲ ငေးကြည့်နေတော့မှာလား
သွယ်လျပေမယ့်ကြမ်းရှနေတဲ့ရှင့်လက်ချောင်းလေးတွေကို
ကျွန်မကပဲ ဆုပ်ကိုင်ဖျစ်ညှစ်ပစ်လိုက်သင့်သလား
ရှင့်သဘောအတိုင်း ရှည်လျားပေးခဲ့တဲ့ ကျွန်မရဲ့ဆံပင်တွေကို
ပွတ်သပ်နမ်းရှိုက်လိုက်စမ်းပါ

ကျွန်မက ကွဲလွယ်ရှလွယ်မိန်းမသားပါ
ချစ်သူရဲ့ယုယပိုက်ထွေးမှုကို လိုအပ်တယ်
ချစ်သူရဲ့ချစ်ခွန်းတုန့်လှည့်ကျီစယ်စကားတွေ ကြားချင်တယ်

ရှင် ဘယ်သွားတယ်၊ဘာလုပ်တယ်၊ဘာတွေဖြစ်ပျက်လာတယ်ဆိုတာ
ကျွန်မဆီ ရောက်မလာတဲ့အကြောင်းကြားစာတွေ
ကျွန်မဆီ ရှင်ရောက်လာရင် တစ်ကိုယ်လုံး စုတ်ဖွာပြန့်ကျဲ၊
တစ်ခါထက်တစ်ခါ ဖရိုဖရဲ ပိန်လာတယ်
ရှင့်ကို တစ်နေ့တစ်ခြား ပိုပိုချစ်လာတာဟာ လောကဓံတစ်ပါးပဲလို့တွေးရင်း
ရှင့်ရဲ့ရှုပ်ပွနေတဲ့ဆံပင်တွေကို ဖြီးသင်ပေးခွင့်ရတာ ကျွန်မ ပျော်တယ်

` ငါ့ဘ၀မှာ အတိုက်အခံတွေ များတယ်၊ငါ့ဘေးမှာ မင်းရှိရင် ပျော်တယ် ´
` ငါတို့က ချစ်သူတွေပဲ၊ထမင်းတစ်ပန်းကန်တည်းကို နှစ်ယောက်စားမယ်
   တစ်ယောက်တစ်လှည့်စီ ခွံ့ကျွေးကြမယ်´
ကျွန်မကို အာခံတွင်းထဲမှာ ရှင်ငုံထားခဲ့ပြန်ပါပေါ့

                                                                            ကိုသျှား

In: ကဗျာ Posted By: Date: Mar 5, 2012
Comment #1

😀

commentinfo By: နတ်သမီး at Mar 5, 2012
Comment #2

wowwwwwwwwwww
kwat ti be kwar….
kyay zu tin par de..

commentinfo By: ei lay at Mar 5, 2012
Comment #3

မိုက်တဲ ~~
တစ်ချို့စကားလုံးတွေကိုတော့ ရေရေရာရာနားမလည်ဘူးဗျ ဒါပေမယ့် သေသေချာချာတော့ဖတ်သွားပါတယ် ။

commentinfo By: X - ray at Mar 5, 2012
Comment #4

ကူးယူခွင့်ပေးပါနော်…………ကျေးကျေးပါ.

commentinfo By: May Kha at Mar 5, 2012
Comment #5

ကိုသျှား…ရေရေလည်လည်..ကောင်းတယ်ဗျ…

commentinfo By: poem.poem28 at Mar 6, 2012
Comment #6

အကိုရေ
ညီအားပေးသွားတယ်အကို
ပြီးဆုံးသွားတဲ့ ဇာတ်လမ်းဟာ အသစ်က ပြန်စနေတယ်
ရဲ့ ပုံစံမျိုးပေါ့
ကောင်းတယ်ဗျာ

commentinfo By: yaewintaung at Mar 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment