Professional Authors

စီးကရက်သောက်ခြင်း အနုပညာ (မြင့်မိုးအောင်)

ရှင် ကျွန်မကို တစ်လိပ်ပြီးတစ်လိပ် သောက်ပစ်တယ်။
ရှင် ကျွန်မကို တစ်နေ့ပြီးတစ်နေ့ သောက်ပစ်တယ်။
ကျွန်မ ဘဝကို ပထမဆုံးလောင်ကျွမ်းစေခဲ့တာ ရှင်။
ရှင့်မျက်နှာရှေ့ကနေ မကြာခဏ မောင်းထုတ်ခံရတာ ကျွန်မ။
ကြမ်းပေါ်လွှင့်ပစ်ပြီး ခြေထောက်နဲ့ နင်းခြေခဲ့ခံရ အကြိမ်ကြိမ်။
နောက်ဆုံးတော့ ပြာမှုန်တွေအဖြစ် အမှိုက်ပုံးထဲမှာ။

ဒါပေမယ့် ကျွန်မဘဝကို ကျွန်မ ကျေနပ်မိပါတယ်။
ရှင့်နှုတ်ခမ်းဖျားကနေ တယုတယ
မီးခိုးငွေ့ကွင်းလေးတွေအဖြစ် လှလှပပ
စိတ်လိုလက်ရ ရှင်မှုတ်ထုတ်နေတတ်တဲ့
ဟိုးအရင်အချိန်တွေကို ပြန်တွေးမိရင်ပေါ့။

မြင့်မိုးအောင်

Comment #1

အကောင်းမြင်သမားအတွက်တော့ အားလုံးလှပမြဲ…

commentinfo By: Nyar Lat Taw at May 12, 2010
Comment #2

တေးရေးသမားတစ်ယောက်ရဲ့ သီချင်းဟာ ကဗျာဖြစ်သလို ကဗျာဆရာတစ်ယောက်ရဲ့ အနုပညာဟာ သီချင်းတစ်ပုဒ်ဖြစ်တယ်ဆိုတာ ကိုမြင့်မိုးအောင်ပြသွားတယ်..။
ဖွဲ့နွဲပုံကိုကြိုက်တယ်။ ထပ်ဆင့်တင်ပြသူကိုလေးစားမိတယ်။

။အငွေ့။

commentinfo By: Angwei at May 12, 2010
Comment #3

တကယ် ရေးထားတဲ့ တွေးထားတဲ့ အမြင်လေးက ကောင်းတယ်ဗျာ ကိုမြင့်မိုးအောင်ကိုလေးစားပါတယ်…..

commentinfo By: Lumaw at May 13, 2010
Comment #4

ကြိုက်တယ်ဗျာ …ကိုယ်တိုင်က စီးကရက်ကြိုက်လို့လားမသိ့ဘူး ခံစားလို့ရတယ် .. စကားလုံးတွေ သုံးသွားတာ ကရိုးရှင်းတယ်ပြီးတော့ ခိုင်မာတယ် အားကောင်းတယ်.. ကိုမြင့်မိုးအောင်ကို လေးစားပါတယ်…

commentinfo By: natsoe at May 21, 2010
Comment #5

i like this version of thinking. Ko Myint Moe Aung uses the girl’s character as a symbol. She is lucky. I mean cigarettes. She can help exploring some thoughts to change for poem.

commentinfo By: lwint ya aung at May 29, 2010
Comment #6

ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်…………..

commentinfo By: lwantaycho at Jun 29, 2010
Comment #7

ကောင်းတယ်ဟေ့

commentinfo By: သုသျှင် at Jul 14, 2010
Comment #8

အင်း ဘယ်လိုပြောရမလဲကိုမသိအောင်ကောင်းတယ်။

commentinfo By: Monk at Sep 26, 2010
Comment #9

My favourite poem of Myint Moe Aung

commentinfo By: azpaing at May 14, 2011
Comment #10

တပုဒ်လုံးကိုနှစ်သက်တယ်…..အဲ့လိုလဲအဖြစ်မျိုးလဲအဖြစ်ခံခဲံ့၇ဘူးတယ်….

commentinfo By: May Kha at Nov 3, 2011
Comment #11

တော်တော်လှတဲ့ စိတ်ဓါတ်ကလေးပါလား… ကဗျာထဲက ဆေးလိပ်ကိုရော ဆရာ မြင့်မိုးအောင်ကိုရော လေးစားသွားပါတယ်…

commentinfo By: 13th at Jan 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment