Professional Authors

အနာဖေး

 

ညဟာ…သဘာဝဆန်စွာ..ပဲ…နူးနူးညံ့ညံ့လင်းနေတယ်

လေပြေတဝှေ့ဝှေ့..က…တငွေ့ငွေ့နဲ့..ငါ့စိတ်တွေကို..မီးလောင်တိုက်သွင်း

မင်းအရိပ်…ဆိုရုံနဲ့……

ငါ့ကမ္ဘာက..ငါ့…..အနားမှ..သူ့အလိုလို..

ခွာချပြစ်လိုက်တယ်။

 

ငါ..ငေး….ငေးနေရင်း..ငါဟာငါနဲ့ပြန်ဝေး…

ဝေးရင်းးးးးးနီး…ခွင့်…ရမယ်ဆို….မင်းအနားသို့အရောက်

အပြေးးးးပြေးလို့သာ..ရောက်လာချင်လိုက်ရဲ့……

……ဒီစိတ်..က..အဆိပ်တွေ..တရိပ်ရိပ်..တက်…..

ငါ…(မင်းအကြောင်းတွေးရင်း)….အအိပ်ပျက်ခြင်းနဲ့..မိတ်ဖွဲ့ခဲ့တာ…အကြိမ်ကြိမ်ပါပဲ။

 

မနက်..ဟာ…သူ့ဗီဇအတိုင်း……အနွေးဓာတ်ဖြည့်လာ…..

ငါကတော့…ငါ့ယုံကြည်ခြင်းတွေမှာ…အိပ်စက်

 

လွမ်းမောခြင်းဆိုတာ………..တခါတခါထက်…ဘ၀ကို….

မျော..စေ…တတ်..ကမ္ဘာပျက်စေ..တတ်

ဟုတ်တယ်…..

ကမ္ဘာ……ပျက်..စေ…တတ်..တယ်

ကိုယ်သင်..ကိုယ်ကြား..ကိုယ့်ရင်ဘတ်..စကားများ

..တဖြည်းဖြည်းပျံ့လွင့်.

.တကယ်တော့….

အချစ်ဆိုတာ…..

(ငါ့အတွက်)..ဖတ်လို့မကောင်းမယ့်..ကဗျာတပုဒ်သက်သက်ပဲ

ဆက်မရေး..သင့်တော့ဘူး…။

 

ဒီလိုနဲ့…ဘ၀..ဟာ…တဖြည်းဖြည်း..ပစ္စုပန်မှ…ကွာကျ…

..အနာဂတ်…ဆိုတာ…အတိတ်ရဲ့အိပ်မက်……

တလှည့်စီ…တ၀က်တမ်း…

တဖက်ကမ်းခတ်အောင်…လိမ်..ညာ..စတေး..ရင်း……

……………ငါ..ဟာ…..

(မင်းအကြောင်းးးငါ့အကြောင်း….ငါတို့အကြောင်း….)

တွေ..ဝေ….တွေး..တော.ရင်းနဲ့..ပဲ

ရင်ခွင်နှစ်ခြမ်း…အထားအသိုအမှားတွေနဲ့..အခါခါ..ပြာကျသွားခဲ့တယ်။

In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1

အသည်းကွဲမိုး ရေးဟန်အတိုင်း ‘ရှယ်’ပါဘဲ

commentinfo By: kantkawmg at Mar 4, 2012
Comment #2

မင်းအကြောင်းငါ့အကြောင်း…ငါတို့အကြောင်း…
တွေ..ဝေ….တွေး..တော.ရင်းနဲ့..ပဲ
ရင်ခွင်နှစ်ခြမ်း…အထားအသိုအမှားတွေနဲ့..အခါခါ..ပြာကျသွားခဲ့တယ်။

commentinfo By: kantkawmg at Mar 4, 2012
Comment #3

မိုးရေ . . .
အားပေးတယ်
ယုံကြည်တယ်
နောက်ကဗျာတွေ မျှော်နေမယ်

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Mar 4, 2012
Comment #4

အစ်မတော်အသဲ လက်ကိုတော်တော်လေးသွေးထားတာဘဲဗျ အရေးအသားတွေ တယ်ထက်တယ်ဗျ
ဖတ်သွားတယ်အစ်မတော်
ကြိုးစားထား အစ်မ အရေးအဖွဲ့တွေအမြဲအားပေးနေတယ် ။

commentinfo By: X - ray at Mar 4, 2012
Comment #5

ကျနော် မနေ နိုင် နထိုင်နိုင် ရွာကို လာပြီး ခင်ဗျား ကဗျာ ကို လာငမ်း မိပြန်တယ် ( အရမးကောင်းတယ် ၀မ်းနည်းမှုကို ခံစားရတယ် ဒီကဗျာ )

commentinfo By: sharon myorr myor at Mar 4, 2012
Comment #6

.တကယ်တော့….

အချစ်ဆိုတာ…..

(ငါ့အတွက်)..ဖတ်လို့မကောင်းမယ့်..ကဗျာတပုဒ်သက်သက်ပဲ

ဆက်မရေး..သင့်တော့ဘူး…။ (ခံစားချက် တွေ တိုက်ဆိုင်နေပါတယ် )

commentinfo By: sharon myorr myor at Mar 4, 2012
Comment #7

arr pay twar par d

commentinfo By: ei lay at Mar 4, 2012
Comment #8

မမိုး…ဒီကဗျာလေးက ရေးပုံလေး နည်းနည်းငြိမ်တယ်နော်.

တကယ်တော့….

အချစ်ဆိုတာ…..

(ငါ့အတွက်)..ဖတ်လို့မကောင်းမယ့်..ကဗျာတပုဒ်သက်သက်ပဲ

ဆက်မရေး..သင့်တော့ဘူး…။
ဒီအပိုဒ်လေးကိုပိုကြိုက်တယ်ဗျ.။

commentinfo By: poem.poem28 at Mar 5, 2012
Comment #9

ရင်ခွင်နှစ်ခြမ်း…အထားအသိုအမှားတွေနဲ့……..

commentinfo By: moezat at Mar 5, 2012
Comment #10

တကယ်တော့….

အချစ်ဆိုတာ…..

(ငါ့အတွက်)..ဖတ်လို့မကောင်းမယ့်..ကဗျာတပုဒ်သက်သက်ပဲ

ဆက်မရေး..သင့်တော့ဘူး…။( မိမိရရ ရေခဲ့တာပဲ ခံစားရပါတယ်..)

commentinfo By: D26 at Mar 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment