Professional Authors

ခြေချော်လက်မြဲရန်ကုန်

`ရိုးသားမှု´ဟာ ရန်ကုန်အတွက် ပေါရာဏစကားလုံးလား
မနိုင်မနင်းဝန်ထုပ်ဝန်ပိုးကို ကူဆွဲဖို့ကမ်းလိုက်တဲ့လက်ဟာ
ပုတ်ချခံရတယ်
ရန်ကုန်ဟာ သံသယတွေ လှိုင်လှိုင်ပွင့်နေတဲ့ရာသီ

အစစအရာရာပေါ် သတိဆွဲပြီး ရပ်ထား
ရှင်သန်မှုကို လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ထား
လူဟာ မြွေပါးကင်းပါးအဓိပ္ပာယ်ဆီ ရွေ့နေတယ်

`အလျင်စလို´ဟာ ရန်ကုန်ကို အလျင်စလို မွှေနှောက်နေတဲ့မုန်တိုင်း
အဲဒီမုန်တိုင်းထဲမှာ အမေ့နားပေါက်ဟောင်းလောင်းကို မကြည့်ရက်လို့
ရန်ကုန်ရောက်လာတဲ့အလုပ်သမလေးရဲ့ဘ၀ စုတ်ပြတ်ကြေမွနေရတယ်
လူနေမှုအဆင့်အတန်းမြင့်မားချင်သူတစ်ယောက်ရဲ့ဆန္ဒလည်း
ပေါက်ပြဲနွမ်းရိလာခဲ့တယ်

အိမ်မြှောင်တစ်ကောင် တံခါးနှစ်ချပ်ကြားညပ်နေသလို
ဘတ်(စ်)ကားနဲ့နေ့စဉ် နှစ်ပါးသွားအကမှာ
ကျပ်ကျပ်ညပ်ညပ်ဘ၀တွေ မီးတောက်လို ယိမ်းထိုးမူးဝေနေကြပေါ့
ရန်ကုန် . . .

                                                                          ကိုသျှား

In: ကဗျာ Posted By: Date: Mar 2, 2012
Comment #1

`ရိုးသားမှု´ဟာ ရန်ကုန်အတွက် ပေါရာဏစကားလုံးလား

commentinfo By: kantkawmg at Mar 4, 2012
Comment #2

အကို
အကို့ရဲံ့ အပြန်လက်ဆောင်လေးက လှတယ်ဗျာ
(ညီလေး ရွှေကြယ်မိုး)

commentinfo By: yaewintaung at Mar 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment