Professional Authors

ပစ္စက္ခများ

တစ်နေ့က ကိုရင်မိုးခက်
ကူမဲရွာ သာပါသေးလား
ဘာလား / ညာလား ကဗျာလား ရေးလိုက်တော့
မိုင်ငါးဆယ်ကျော်ခရီးဟာ
ကျုပ်အတွက် ..
အလှမ်းဝေးလိုက်တာလို့ တွေးမိသေးတယ်။

ဒီမနက် ..
ကြီးတော်ကြည် တယ်လီဖုန်းဆက်တယ်
“ရွာမှာ သရက်ဖူးတွေ ဖူးနေပြီ
နင်သရက်ကင်းကြိုက်တတ်လွန်းလို့
ငါ့မှာ အောက်မေ့မိတယ် ပြန်လာခဲ့ပါလား” ပြောတော့
ကျုပ်ရင်ထဲ မကောင်းလိုက်တာ .. ။

-မိုးခါး-

In: ကဗျာ Posted By: Date: Mar 2, 2012
Comment #1

သရက်ရွက်…

commentinfo By: SoFarAwayFromU at Mar 2, 2012
Comment #2

“ရွာမှာ သရက်ဖူးတွေ ဖူးနေပြီ
နင်သရက်ကင်းကြိုက်တတ်လွန်းလို့
ငါ့မှာ အောက်မေ့မိတယ် ပြန်လာခဲ့ပါလား”

commentinfo By: kantkawmg at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment