Professional Authors

အချစ်ဖြင့်တည်ဆောက်ပါ့မည် (သို့) အား

အားမလိုအားမရ  ဖြစ်တည်တဲ့ကံကြမ္မာတွေ
ဆောက်တည်ရာရှာကြံမရဘူး
ငိုမြည်းကာ မှိုင်တွေငေးနေပေမဲ့
ခရီးဆုံးကို မျှော်မှန်းရင်း
လွမ်းတလို့ ရော်ရမ်းမှန်းဆမိတယ်….
ဘယ်အချိန်မှာလဲ….
ဘယ်တော့လဲ….
သာယာမှာလား…
ပူဆွေးရမှာလား….
အဆင်ပြေမှာလား…
ပူပင်ရမှာလား…..
တို့နှစ်ယောက်ရဲ့ မှန်းချက်
နှမ်းထွက်တောင် ကိုက်ပါ့မလား…
မေးခွန်းတွေအထပ်ထပ် သိုင်းရစ်ကာ
ဒီရင်အစုံကို မောဟိုက်ဖို့ဖန်လာတယ်..
ဘ၀ကံ အကြောင်းရယ်က မသေး
နွမ်းလွန်းလို့ စိတ်ပိန်ရတယ်…
တွေ့ဆုံချိန်တိုင်းအားမရ
အတူနေခွင့်တို့ထကြွသောင်းကျန်းလို့
တို့နှစ်ယောက်လုံး သောကတွေဝေခဲ့ရတယ်လေ..
တကယ်တော့ တစ်နေ့နေ့ဆိုတဲ့ အချိန်
လေထဲမှာ ပျောက်ကွယ်မသွားစေဖို့
ထိုင်နေလို့ ဆုတောင်း မဖြစ်ကောင်းပါဘူး..
ကြံစည်သမျှ ဖွင့်အံသာကျပါစေ
တူနှစ်ကိုယ် ညှိနှိုင်း ပေါင်းကူးတိုင်းသာ
အောင်မြင်စေဖို့…ဆန္ဒနဲ့ အသိ
လက်တွဲ အမြဲညှိပေးပါ….
သူသာတယ် ကိုယ်နာတယ် မရှိပါနဲ့
ဒီဘ၀ ရူပါ ဒီမျှသာ ရှိနေလေတော့
ကိုယ့်ဒူးသာ ကိုယ်ချွှန်ရအောင်
အားပေးနှစ်သိမ့်ရင်းနဲ့
ဒီကမ်းကို တို့ကျော်ရမယ်
တွဲလို့ထား မောင့်လက်ကို ကွယ်…

                         ဒဏ်ရာ

In: ကဗျာ Posted By: Date: Dec 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment