Professional Authors

______ခင်ဗျားနဲ့ကျွန်တော်ဟာလေ______

ခင်ဗျားက ညစ်နေတဲ့စိတ်ကိုလျှော်ဖို့
မမြင်နိုင်တဲ့လေတွေကျွန်တော့ဆီ လာလာပို့တယ်

ကျွန်တော်က
ရှည်ရှည်သွယ်သွယ်လက်ချောင်းလေးခလုတ်တွေပေါ်ကခုန်ရင်း
ထွက်ကျသွားတဲ့လေပြည်လေးလို့အသည်းမှာကမ္ဗည်းထိုးထားတယ်

ဒီကဗျာမှာ ခင်ဗျားက.. .ဇာတ်…လိုက်..ဆို  ကျွန်တော်အရံလုပ်ပေးမှာပါ
ခင်ဗျားကပြဒါးဆို  သံလမ်းကသွားမှာပါ
ခင်ဗျားကအဖြူဆို  ကျွန်တော်အမဲကြိုက်ပေးမှာပါ
ဒီ..မှာ…တင်
ခင်ဗျား နဲ့ ကျွန်တော်နီးစပ်နိုင်ဖို့ 0% နဲ့ကဒ်မှာပါ

တကယ်ဆို
ကျွန်တော်ဟာ
မ ခုန် နိုင် တဲ့ ဖားးး
မ ပျံ နိုင် တဲ့ ငှက် လို
ခင်ဗျားရဲ့ရွှေ့ကွက်တွေထဲ…ပိုး..လိုး…ပက်..လက်…ပိုး..စိုး…ပက်..စက်….မျောခဲ့ရသူပါ
ဒါပေမယ့်
….မသိ…ချင်..ယောင်…ဆောင်ထားတယ်.. .
ဟုတ်တယ်
မသိချင်ယောင်ဆောင်ထားတယ်
အယောင် ဆောင် ထားတာတွေမသိချင်တော့လို့
ခင်ဗျားကြီး ကို မသိချင်ယောင်ဆောင်ထားတယ်

နောက်ဆုံးခင်ဗျားကြောင့်
ကျွန်တော့အသည်းကြွေကျ  မျက် ရည် မြေခလို့  အသက်ပေးရရင်တောင်
မျက်ရည်မကျလိုက်ပါနဲ့
ခင်…ဗျား..ဟာ. ..ကျွန်..တော့.. .ရဲ့…တစ်ဦးတည်းသောသူရဲကောင်းလေးပါ ။။။

                                                                                                            Ray
28th February, 2012
05:45

In: ကဗျာ Posted By: Date: Feb 29, 2012
Comment #1

oh,,,,,,,
so strong,,,
ne ne taung kyauk twar p,,
feel unsatisfy & unpleasant feeling?
ei lay yee aung loak pay ya ma lar?

commentinfo By: ei lay at Feb 29, 2012
Comment #2

တကယ်ဆို
ကျွန်တော်ဟာ
မ ခုန် နိုင် တဲ့ ဖားးး
မ ပျံ နိုင် တဲ့ ငှက် လို
ခင်ဗျားရဲ့ရွှေ့ကွက်တွေထဲ…ပိုး..လိုး…ပက်..လက်…ပိုး..စိုး…ပက်..စက်….မျောခဲ့ရသူပါ
ဒါပေမယ့်
….မသိ…ချင်..ယောင်…ဆောင်ထားတယ်.. .
ဟုတ်တယ်
မသိချင်ယောင်ဆောင်ထားတယ်
အယောင် ဆောင် ထားတာတွေမသိချင်တော့လို့
ခင်ဗျားကြီး ကို မသိချင်ယောင်ဆောင်ထားတယ်

commentinfo By: zawthetoo at Feb 29, 2012
Comment #3

အိုးးးးးး ဘယ်လိုပြောရမယ်မှန်းမသိတော့ဘူးဗျာ…သိပ်ခံစားရတယ် ..

ဒီကဗျာမှာ ခင်ဗျားက.. .ဇာတ်…လိုက်..ဆို ကျွန်တော်အရံလုပ်ပေးမှာပါ
ခင်ဗျားကပြဒါးဆို သံလမ်းကသွားမှာပါ
ခင်ဗျားကအဖြူဆို ကျွန်တော်အမဲကြိုက်ပေးမှာပါ
ဒီ..မှာ…တင်
ခင်ဗျား နဲ့ ကျွန်တော်နီးစပ်နိုင်ဖို့ 0% နဲ့ကဒ်မှာပါ….ခံစားချက် ကတထပ်ထဲဗျာာ.ဟူးးးရှဲပါရစေ….

commentinfo By: sharon myorr myor at Feb 29, 2012
Comment #4

တကယ့်ကို..heart ထိတယ်ဗျာ……သိပ်မိုက်

commentinfo By: အသဲကွဲမိုး at Feb 29, 2012
Comment #5

ကောင်းပါ့ဗျာ ကောင်းပါ့
နဂို X-ray နဲ့ကွဲသွားသလို ခံစားရတယ်
ကဗျာကောင်းလေးတွေ များများရေးနိုင်ပါစေ 😀

commentinfo By: မောင်မြတ်သူ at Feb 29, 2012
Comment #6

ကျွန်တော်စိတ်မကောင်းဖြစ်နေတာမဟုတ်ပါဘူး မအိလေးရေ စိတ်မကျေမနပ်ဖြစ်နေတာလည်းမဟုတ်ဘူး ဒါကြောင့်မအိလေးရီအောင်လုပ်ပေးဖို့မလိုပါဘူးဗျာ
ဒေါ်ရှရွန် ကဗျာလေးကိုကြိုက်တယ်ဆိုရင် ကူးသွားလို့ရပါတယ်
ကျွန်တော့အရေးအသားလေးကို လာရောက်ခံစားအားပေးသွားကြတဲ့ မအိလေး ၊ ကိုအရိပ်လေး ၊ မရှရွန် ၊ အစ်မတော်အသဲတို့ကို ကျေးဇူးအများကြီးတင်ပါတယ် နောက်များမှာလည်း ကျွန်တော့ကဗျာလေးတွေကို အားလို့လာဖတ်ဖြစ်ကြရင် စိတ်ထဲမှာရှိတဲ့အတိုင်းအားမနာတမ်းဝေဖန်ပေးကြပါနော် ဒါမှကျွန်တော့ကဗျာတွေ ဘယ်နားလိုနေလဲသိရမှာမို့ပါ ကဗျာလေး ဖတ်သွားကြသော ညီအစ်ကိုမောင်နှမအားလုံး ကျေးဇူးပါဗျာ။
With respect,
RAY

commentinfo By: X - ray at Feb 29, 2012
Comment #7

ကိုမြတ်သူရအောင်ရေ အားပေးတာမမြင်လိုက်ဘူးဗျ
ကဗျာလေး ဖတ်သွား အားပေးသွားလို့ကျေးဇူးအရမ်းတင်တယ်ဗျာ
နောင်လည်း ကျွန်တော့အရေးအသားတွေ ထောင့်မကျိုးတာရှိရင် ထောက်ပြပေးပါ ဝေဖန်ပေးပါ ။
With respect,
RAY

commentinfo By: X - ray at Feb 29, 2012
Comment #8

he,,he,,
hote,,
arr pay tar lay,,kwi,,kwi,,
x-ray ka 1 ke loak khine yin ei lay ka bar hma loak tat par bu.he,,he,,

commentinfo By: ei lay at Feb 29, 2012
Comment #9

ဟုတ်ကဲ့ပါ မအိလေးရယ် ကျွန်တော်ကလည်းမအိလေးကိုဘာမှမလုပ်ပေးခိုင်းပါဘူး ကဗျာလေးအားပေးတဲ့အတွက်ကျေးဇူးပါ ။

commentinfo By: X - ray at Feb 29, 2012
Comment #10

he,,he,,
hote,,
u r welcome,,

commentinfo By: ei lay at Feb 29, 2012
Comment #11

တကယ်ဆို
ကျွန်တော်ဟာ
မ ခုန် နိုင် တဲ့ ဖားးး
မ ပျံ နိုင် တဲ့ ငှက် လို
ခင်ဗျားရဲ့ရွှေ့ကွက်တွေထဲ…ပိုး..လိုး…ပက်..လက်…ပိုး..စိုး…ပက်..စက်….မျောခဲ့ရသူပါ
ဒါပေမယ့်
….မသိ…ချင်..ယောင်…ဆောင်ထားတယ်.. .
ဟုတ်တယ်
မသိချင်ယောင်ဆောင်ထားတယ်
အယောင် ဆောင် ထားတာတွေမသိချင်တော့လို့
ခင်ဗျားကြီး ကို မသိချင်ယောင်ဆောင်ထားတယ်

နောက်ဆုံးခင်ဗျားကြောင့်
ကျွန်တော့အသည်းကြွေကျ မျက် ရည် မြေခလို့ အသက်ပေးရရင်တောင်
မျက်ရည်မကျလိုက်ပါနဲ့
ခင်…ဗျား..ဟာ. ..ကျွန်..တော့.. .ရဲ့…တစ်ဦးတည်းသောသူရဲကောင်းလေးပါ ။။။

commentinfo By: kantkawmg at Mar 1, 2012
Comment #12

အားပေးနေတယ် Cross Ray (အဲလေ X Ray)

commentinfo By: kantkawmg at Mar 1, 2012
Comment #13

ကေါင်းတယ်ဗျာ……..
အားပေးသွားပါတယ်နော်…….

commentinfo By: သားသား at Mar 1, 2012
Comment #14

ကိုကံ့ကော်မောင် ခင်ဗျားနာမည်ကိုကျွန်တော် ကိုကန်းကော့မှောင်လို့ခေါ်ရင်ခင်ဗျားကြိုက်မလား ခင်ဗျားမကြိုက်ဘူးလို့ထင်ပါတယ် အဲ့တော့ကျွန်တော်လည်း ကျွန်တော့နာမည်ကို Cross Ray လို့ခေါ်တာမကြိုက်ဘူးဆိုတာ ခင်ဗျားကိုယ်ချင်းစာသင့်တယ်
ကျွန်တော့ကဗျာလေးကို ဖတ်သွား အားပေးသွားတဲ့ ကျေးဇူးပါကိုကံ့ကော်မောင် ။

commentinfo By: X - ray at Mar 4, 2012
Comment #15

ကိုသားသားရေ ကျွန်တော့ကဗျာလေးကိုအားပေးတဲ့အတွက် ကျေးဇူးပါဗျာ နောင်လည်း ကျွန်တော့ကဗျာလေးတွေဖတ်ဖြစ်ရင် စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းဝေဖန်ပေးပါဗျာ ။
With respect,
RAY

commentinfo By: X - ray at Mar 4, 2012
Comment #16

နောက်တခေါက်မကဘူး…ပြန်ဖတ်နေမိတာ..ဒါပေမယ့်
နောက်တကြိမ်အဖြစ်…မန့်သွားပါတယ်
ကျွန်တော်…နှစ်သက်မိတယ်

commentinfo By: အသဲကွဲမိုး at Mar 6, 2012
Comment #17

Double comment ပေးသွားတဲ့အစ်မတော်အသဲ ကျေးဇူးအရမ်းတင်ပါတယ်ဗျာ ကဗျာကိုနှစ်သက်တယ်ဆိုလို့ ဝမ်းသာပါတယ် ။

commentinfo By: X - ray at Mar 12, 2012
Comment #18

မနှစ်ကဒီလိုအချိန်မှာဒီကဗျာလေးကိုရေးခဲ့တာပေါ့
အခုမှဖတ်ရလို့ ဝမ်းနည်းမိတယ်စိတ်ထဲမှာ
မနှစ်က 0% နဲ့ ဖြစ်နေပေမဲ့ ဒီနှစ် 100 % ဖြစ်နေဖို့ ဆုတောင်းပေးလိုက်ပါတယ်…။
အရမ်းဖတ်လို့ ကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပါ…။

commentinfo By: loafer at Feb 23, 2013
Comment #19

ma ti chin yaung ma saung par ne dot naw.
good luck.
🙂

commentinfo By: ei lay at Feb 23, 2013
Comment #20

အားပေးသွားတယ် Ray…
တယ်ကောင်းတဲ့ကဗျာပါပဲဗျ

commentinfo By: နိုးဆက် at Feb 23, 2013
Comment #21

ကို Loaferရေ ခင်ဗျားဆုတောင်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်တယ်ဗျ ဒါပေမယ့် ခင်ဗျားတောင်းပေးတဲ့ဆုက ဘယ်တော့မှပြည့်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ ကျွန်တော်က ဒီကဗျာကို ခေါင်းနဲ့ရေးထားတာ ရင်ဘတ်နဲ့ရေးထားတာမဟုတ်ဘူး ဒီကဗျာက ကျွန်တော့ရင်ထဲကခံစားချက်တွေ မဟုတ်ဘူးလို့ပြောတာ ~
ကျွန်တော့ကဗျာလေးကို အားပေးသွားကြတဲ့ ကို Loafer ၊ မအိလေး နဲ့ ကိုနိုးဆက် တို့ မောင်နှမသုံးယောက်ကို ကျေးဇူးတင်ပါတယ်
နောင်များမှာလည်း ကျွန်တော့်ကဗျာတွေကို စိတ်ထဲရှိတဲ့အတိုင်း ဝေဖန်ပေးကြပါ ~~

With respect,
RAY

commentinfo By: X - ray at Feb 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment