Professional Authors

စာများနဲ့ ကျွန်တော်

ကျွန်တော် ဆောင်းပါးတွေ ရေးတဲ့အခါမှာ ကျွန်တော့် ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာတွေ ထိတွေ့ဆက်ဆံနေရတာတွေကို ယူယူရေးတာများတယ်ဗျ။ ကျွန်တော့် ဘေးမှာ ရှိတဲ့လူတွေကလည်း ကျောချမ်းနေကြပြီလား မသိ။ ဒီကောင် ငါတို့ မကောင်းကြောင်းတွေကို အတင်းအုပ်ပြီး ရေးမလား မသိဘူးဆိုပြီး အမြင်တွေ မစောင်းကြပါနဲ့လို့ ပြောချင်ပါတယ်။ ကျွန်တော်က မကောင်းတဲ့အချက်လေးတွေကို သတိပြုမိအောင်ဆိုပြီး ရည်ရွယ်ချက်လေးနဲ့ ချရေးတာပဲ ရှိတာပါ။ စာတွေ သိပ်ရေးတတ်လွန်းလို့တော့ မဟုတ်ပါဘူး။ စာတိုတော့ ဆောင်းပါး၊ စာရှည်တော့ ၀တ္ထုပေါ့ ဗျာ။
ခုလို ဒီဆောင်းပါးလေးကို ချရေးတာကလည်း ၀တ္ထုတစ်ပုဒ်ကို သတိရသွားလို့ဗျ။ ကျွန်တော် ဖတ်ဖူးတဲ့ ၀တ္ထု တစ်ပုဒ်ရှိတယ်ဗျ။ စာရေးဆရာနာမည်တော့ မေ့သွားပြီဗျ။ သိတော့ဘူး။ သူ့ဝတ္ထုက ဒီလိုဗျ . .

အရင်တုန်းက နာမည်ကျော် စာရေးဆရာမတစ်ယောက်ရှိတယ်တဲ့ သူက ယောက်ျားနဲ့ ကွဲနေတယ်တဲ့။ စာရေးဆရာမက စာလဲ မရေးနိုင်တော့ဘူး တငိုငို တရီရီနဲ့ပေါ့ဗျာ။ သူ့စာပေအသိုင်းအ၀ိုင်းနဲ့ သူငယ်ချင်းအသိုင်းအ၀ိုင်းတွေက သူတို့လင်မယားဘာလို့ ကွဲကြလဲဆိုတာ မစဉ်းစားတတ်ကြဘူး။ စာရေးဆရာမကိုယ်တိုင်လည်း မစဉ်းစားနိုင်အောင် ဖြစ်နေတယ်တဲ့ ဘာလို့လဲဆိုတော့ သူတို့ လင်မယားက စံပြလင်မယား ပြီးတော့လည်း အရမ်းချစ်ကြတယ်ဆိုပဲ။ ပြီးတော့ ရန်လည်းဖြစ်ကြတာ မဟုတ်ပဲ သူယောက်ျားက အိမ်ပေါ်က ဆင်းသွားပြီး အဝေးကနေ ကွာရှင်းခွင့်တောင်းတယ်တဲ့။ သူ့ယောက်ျားအပေါင်းအသင်းတွေဆီက တဆင့်ကြားရတာတော့ သူ့ယောက်ျားကိုယ်တိုင်လည်း အရမ်းကို ခံစားနေရတယ်တဲ့။ နောက်မိန်းမနဲ့ ရှုပ်တာတွေ ဘာတွေလည်း မရှိဘူး တမှိုင်မှိုင်တတွေတွေနဲ့ပဲတဲ့လေ။ အပေါင်းအသင်းတွေ ၀ိုင်းမေးတော့လည်း ဘာမှ မပြောဖူးတဲ့ မသိချင်ကြပါနဲ့ကွာလို့ပဲ ပြောပြီး ငိုင်နေရောတဲ့။ ဘာမှ လုပ်လို့ကို မရကြဘူး ဖြစ်နေတယ်။
နောက်ဆုံးတစ်နေ့မှာ သူ့ယောက်ျားကို အရက်အတင်းဝိုင်းတိုက်ကြပြီး တကယ့်အမှန်တရားကို ၀ိုင်းမေးကြတော့ ပထမတော့ မျက်နှာကြီး နီရဲလာပြီး ငြင်းသေးတယ်တဲ့ နောက်ရေချိန်ကိုက်လာတော့ အသံရှည်ကြီးဆွဲပြီး ပြောပြတယ်တဲ့။

အရင်တုန်းက ချစ်သူဘ၀မှာ ခုသူ့မိန်းမက စာရေးဆရာမဆိုတော့ စာတွေရေးရင် သူ့ဇာတ်လမ်းက ဇာတ်လိုက်မင်းသားနေရာတွေမှာ သူ့ချစ်သူရဲ့ အပြုအမူတွေကို ထည့်ရေးတတ်တယ်တဲ့။ သူကိုယ်တိုင်လည်း ကြည်နူးရပါတယ်တဲ့။
နောက်ဆုံး အိမ်ထောင်ကျလာတော့လည်း သူ့ရဲ့ အကျင့်တွေ အမူအကျင့်တွေ အတွေးအခေါ်တွေကို သူ့မိန်းမက ၀တ္ထုထဲ ထည့်ထည့်ရေးတတ်တော့ စာပေအသိုင်းအ၀ိုင်းတွေ သူငယ်ချင်းတွေ အုပ်စုတွေက ဒါ သူ့ယောက်ျားအကြောင်းယူရေးထားတာပဲ ဆိုတာကိုသိရောတဲ့။ အမှန်တော့ ဒါကို သူလုံးဝ မကြိုက်ဘူး ဒါပေမယ့်လည်း သူ့မိန်းမကို ချစ်လွန်းတော့ သူခွင့်ပြုထားလိုက်တယ်။ နောက်တစ်ဆင့် သူအရင်က သူ့မိန်းမကို ပေးထားတဲ့ ရည်းစားစာတွေကအစ သူ့မိန်းမက copy ကူးတယ်ဆိုပဲ။ သူငယ်ချင်းတွေက လည်း ဟေ့ကောင်ကြီး ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး စကြနောက်ကြတော့ ရှက်လာတယ် အပေါင်းအသင်းတွေနဲ့ မဆက်ဆံရဲတော့ဘူး မျက်နှာပူလာတယ်ဆိုပဲ။ ဒါပေမယ့် သူသည်းခံနိုင်သေးတယ်။
တစ်နေ့ သူ့မိန်းမမရှိတဲ့အချိန်မှာ သူ့မိန်းမခေါင်းအုံးအောက်က ဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့မိလို့ သူယူဖတ်လိုက်မိတဲ့အခါ လားလား သူ့မျက်နှာဘယ်မှာ ထားရမှန်းကိုတောင် မသိတော့လောက်အောင် ရှက်လိုက်သည် ဖြစ်ခြင်းတဲ့။ သူနဲ့ သူ့မိန်းမရဲ့ နှစ်ကိုယ်ကြားကိစ္စတွေ ချရေးထားတာတဲ့။ သူ့မျက်နှာ အဆင့်ဆင့်ပြောင်းလဲလာပုံ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ဗျာ။ အဲဒီမှာ သူအရမ်း ရှက်သွားတယ်။ သူ့မိန်းမကို သူ စိတ်မချတော့ဘူး။ သူ့မိန်းမရှေ့မှ ဘယ်လိုမှ နေလို့မရတော့ဘူးတဲ့ဗျ ဖြစ်ပုံက။

အဲဒီနောက် သူ သူ့မိန်းမကို ကွာရှင်းဖို့ ဆုံးဖြတ်လိုက်တော့တာပဲတဲ့။ သူ့မိန်းမကို သူအရမ်းလည်း ချစ်ပါတယ်။ ဒါပေမယ့် မျက်နှာချင်း မဆိုင်နိုင်တော့လောက်အောင်ကိုလည်း ကြောက်ပါတယ်တဲ့ ဗျား။
ဟားးး
ကျွန်တော် ဖတ်ဖူးတဲ့ ၀တ္ထုတိုလေးပါဗျာ။
တိုက်များတိုက်ဆိုင်နေမလားလို့ ချရေးကြည့်တာ။
ဘယ်လိုပြောပြော ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရရင် ကျွန်တော်လိပ်ပြာ တောင်းပန်ပါတယ် ခင်ဗျာ….

(4-12-2010)
လိပ်ပြာ

Comment #1

kwi,,kwi,,
lol,,,,
really nice,,
rofl,,,

commentinfo By: ei lay at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment