Professional Authors

နှလုံးသား တရားစီရင်ခန်း

ခေါင်းစဉ်တွေပြောင်းလိုက်ပေမယ့် ဒီစာကြောင်းပဲပြန်ရေးမိတယ်
လမ်းခွဲတွေများလွန်းပေမယ့် ဒီလမ်းကိုပဲပြန်လျှောက်မိတယ်
ငါဟာ ကလေးတစ်ယောက်လိုအစွဲအလမ်းကြီးပြီး
ကလေးတစ်ယောက်လို မေ့လွယ်ပျောက်လွယ် မဟုတ်တော့လည်း

ရင့်ကျက်တယ်ဆိုတာ အကျည်းတန်ခြင်းတစ်မျိုးပဲလား
တွေ့ ၊ကြုံ၊ဆုံ၊ကွဲ ရခြင်းက ရှေးရေစက် ဆိုရိုးရှိပေမယ့်
တကယ်တမ်းကျ ဆုံတွေ့ ခဲ့ခြင်းက အက်စစ်တစ်စက်သာ
ငါ့အတ္တနဲ့ ငါ ခေါင်းစဉ်တပ်လိုက်တယ်

ဘယ်သူမှမသိအောင် လွှတ်ချလိုက်တဲ့ သံယောဇဉ်တွေ
ဘယ်သူမှမသိအောင် ငါပြန်ကောက်
တကယ်တော့လည်း ရင်နာတယ်ဆိုတာ ဖီလင်တစ်မျိုးပါပဲ

ဆုံးရှုံးသွားတဲ့နှလုံးသား အစားထိုးမရမှတော့
သူ့ လဲ လက်ညိုးထိုးမနေတော့ပါဘူးလေ

ချစ်ခဲ့ခြင်းကို ဆွဲထုတ်

အလွမ်းတွေကို လက်စသတ်

ကဲ…မေ့မရလဲ ရှိစေတော့…။

In: ကဗျာ Posted By: Date: May 21, 2013
Comment #1

မေ့မရလည်း ရှိစေတော့

commentinfo By: maypyo22889 at May 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment