Professional Authors

ပြောဆို ၊ နှုတ်ဆက် ၊ ခေါ်ဆို၍ မရတော့သော “ကျွန်မ၏သစ်ပင်”

 

ဝမ်း နည်း ဖွယ် ရာ တေး သွား တွေ နဲ့ လွှမ်း ခြုံ နေ တဲ့ အ ခန်း ထဲ မှာ

အ ရာ ရာ ဟာ ရုပ် ပျက်ဆင်း ပျက် ရွဲ့ စောင်း နေ တယ်

အ ကျည်း တန် မှု တွေ ဟာ မှန် တစ် ချပ် လို စိုက်ကြည့် နေ တယ်

တ ကယ် ဆို ဆင်ခြင် တုံတ ရား ကို ခါး ဝတ် ပု ဆိုး လိုမြဲ အောင် ချည် ထား ကာ မှ

သ တိ လက် လွတ် ဆို တဲ့ အ ခါ မျိုး က ရှိ လာ ရ သေး တယ်

(ကိုယ)် မ ဖိတ်ခေါ် ဘဲရောက် ရောက် လာ တက် တဲ့

အ တွေး တွေ က တင်း ကျပ် ဆုပ် ခြေ နေ သ လို

နှ လုံး သား ဟာ (အမြဲ) ပိတ်လှောင် မွန်း ကျပ် နေ တယ်

(ငါ) မ ရှာ ဖွေ ဘဲ    ဒု က္ခ တ ရား ဟာ (ငါ့ကိုရှာပြီး) အ ချစ်ကို  “လက်ဆောင်” ပေး ခဲ့ လေ သ လား

ပြော စ ရာ စကားရယ် လို့ လဲများ များ စား စား (လုံလုံလောက်လောက်) မ ရှိ ပါ ဘူး/ ရှိ မ နေ ဘူး

မ ခုတ်ထွင် မ ရှင်း လင်း ရ သေး တဲ့ တွေဝေ ငေး မော ခြင်း တောင် ယာ မှာ

တစ်မျှော် တစ်ခေါ် ဆွံ့ အ ခြင်း ရှု မျှော် ခင်း တွေ နဲ့ အ သား ကျ (နေတုန်း)

ဆို တော့ တိတ် တ ဆိတ် ဆက်သွယ်ကြည့် မိ တယ် (စိတ်. . . စိတ် ချင်း)

မ ရ တော့ ဘူး / မ ညီ မျှ တော့ ဘူး / နား မ လည် တော့ ဘူး . . .

တိတ် ဆိတ်ခြင်း နဲ့ နား လည် မှု ယူပြီး (ထပ်) ဆက် သွယ် ကြည့် တယ်

တစ် ခါ . . . နှစ် ခါ . . . ထပ်ခါ .. ထပ်ခါ . . . အထပ်ထပ်အခါအခါ

သေ ချာ သွား ပြီ . . . လုံး ဝ . . မု ချ

တိုက် ဆိုင် မှု မ ရှိ တော့ ဘူး ဆို တာ “သေ  ချာ  သွား   ပြီ ”

ဆို တော့ . . . 

ခေါ် ဆို နေ တဲ့ ငါ့  စိတ် လေး လဲ

ကြိုး စား မှု မှာ လက် ပန်း ကျ ခဲ့ ပြီး

ဆက် သွယ် မှု ဧ ရိ ယာ ပြင် ပ မှာ  အ လွတ် ကျ  ကွဲသွား တယ   

. . . . . . . . .. . . . .။


နွေ ရာ သီ ဟာ (ငါ့ဆီ) အ ရောက် စော ခဲ့ ပြီ 

 

“နွေ”  

. . . . . . . . . . . . . . ။

 

ပြီး  ဆုံး  သွား  ပြ    ပေါ့ ။

 

 

နတ်သမီး

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

မနတ်သမီးလေး..ရေ…ဆန်းတယ်ဗျ
အားပေးသွားတယ်…

commentinfo By: poem.poem28 at Feb 27, 2012
Comment #2

နွေရာသီက အရောက်စောခဲ့တယ် အဲသည့်နေရာလေးကို ကြိုက်တယ်။

commentinfo By: မိုးသစ်လေပြည် at Feb 27, 2012
Comment #3

ရေးအားနဲ့ ကဗျာခေါင်းစဉ်က ဆန်းသစ်တယ်..အရမ်းကောင်းပါတယ်ဗျာ

commentinfo By: biocels at Feb 27, 2012
Comment #4

လန်းတယ် ဂျာ အားပေးသွားတယ်

commentinfo By: sone.pyuu at Feb 27, 2012
Comment #5

really nice writing style & cute words,,

but,,,why impossible,,
ka bar char nay de thu tway moh loh lar hin?
thu ka 1 khu khu phyit twar loh lar hin?

commentinfo By: ei lay at Feb 27, 2012
Comment #6

တ ကယ် ဆို ဆင်ခြင် တုံတ ရား ကို ခါး ဝတ် ပု ဆိုး လိုမြဲ အောင် ချည် ထား ကာ မှ

သ တိ လက် လွတ် ဆို တဲ့ အ ခါ မျိုး က ရှိ လာ ရ သေး တယ်

(ကိုယ)် မ ဖိတ်ခေါ် ဘဲရောက် ရောက် လာ တက် တဲ့

အ တွေး တွေ က တင်း ကျပ် ဆုပ် ခြေ နေ သ လို

နှ လုံး သား ဟာ (အမြဲ) ပိတ်လှောင် မွန်း ကျပ် နေ တယ်

commentinfo By: May Kha at Feb 28, 2012
Comment #7

အားပေးသွားတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်ရှင် …

အိလေးး ညီမလေးရေ ကမ္ဘာမခြားပါဘူး … သူလဲတစ်ခုခုမဖြစ်ပါဘူး
တစ်မြို့တည်းနေပြီး ဆက်သွယ်လို့မရတော့တဲ့ အခြေအနေတစ်ခုရှိခဲ့လို့ပါ
အမက သူ့ကိုစိတ်နဲ့ပဲဆက်သွယ်ခဲ့တာပါ … (တခြားအရာတွေနဲ့ဆက်သွယ်ခဲ့တာမဟုတ်ပါဘူး)
အရင်တုန်းကဆက်သွယ်လိုက်ရင်တိုက်ဆိုင်မှုတွေရှိပေမဲ့
ခုတော့အမစိတ်ရဲ့ဆက်သွယ်မှုကို သူ့စိတ်က လက်မခံတော့ဘူးနဲ့တူတယ်
(ဘာတုန့်ပြန်မှုမှမရရှိခဲ့ဘူးလေ)
အရာအားလုံးအေးခဲသွားပြီဆိုတဲ့သဘောပါ …

commentinfo By: နတ်သမီး at Feb 28, 2012
Comment #8

aww,,hote,,,
daw tay tar pop,,
1 khu khu phyit twar de loh htin nay tar,,

ma,,ei lay ye a myin 1 khu lout pyaw loh ya ma lar?

commentinfo By: ei lay at Feb 28, 2012
Comment #9

ညီမလေးရဲ့အကောင့်ပေးမလား . . အမ invite လုပ်လိုက်မယ်လေ .. 🙂

commentinfo By: နတ်သမီး at Feb 28, 2012
Comment #10

gtalk ka ma tone dar kyar p,,
ma kyike bu so loh,,he,,he,,

commentinfo By: ei lay at Feb 28, 2012
Comment #11

အယ် . . . ရပါတယ် အိလေးအမြင်ကိုပြောလို့ရပါတယ် .. 🙂
(ကျန်တဲ့သူတွေတော့ မျက်စိနောက်တော့မှာဘဲ . . . :D)

commentinfo By: နတ်သမီး at Feb 28, 2012
Comment #12

he,,he,,
hote tar be naw,,arr nar like dar,,
ei lay a myin ka lay,,,ma ti loh mae kyi tar naw,,
1.ma kou tine ka thu a paw hmar a yin lout feel ma phyit dot bu loh htin par de,,
2.sate chin pe set twe p chit loh ya loh lar?

ma bet ka 1 ke tit sar shi swar chit nay me so yin dot ma ye myit tar yaung pyan hat hmar par,,nout ba wa ma ku par bu,,

commentinfo By: ei lay at Feb 28, 2012
Comment #13

ညီမလေးး … နေ့တိုင်းတွေ့နေရပေမဲ့ နေ့တိုင်းသတိရတယ်ဆိုရင် ပထမအချက်အတွက်အဖြေက လုံလောက်မယ်ထင်ပါတယ် …

ကျိန်းသေတာပေါ့ စိတ်ချင်းပဲဆက်သွယ်ပြီး ချစ်လို့မရဘူး . .. (ဒါပေမဲ့ အိလေးရယ် တချို့အခြေအနေတွေရှိခဲ့ဖူးတယ် ညီမရဲ့)

commentinfo By: နတ်သမီး at Feb 28, 2012
Comment #14

နွေ ရာ သီ ဟာ (ငါ့ဆီ) အ ရောက် စော ခဲ့ ပြီ

“နွေ”

. . . . . . . . . . . . . . ။

ပြီး ဆုံး သွား ပြီ ပေါ့ ။

commentinfo By: zawthetoo at Feb 29, 2012
Comment #15

ကျနော် အရမ်းဆွေးသွားးတယ်ဗျာ
နတ်သမီးလေးကိုလေးစားပါတယ်

commentinfo By: sharon myorr myor at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment