Professional Authors

“ပျော်ရွှင်ပါစေ …”

ချစ်သူ …
ဒီနေ့ဟာ မင်းအတွက်
ဟာဒယရွှင်ဆေးတစ်လုံးဖြစ်ပါစေ …
ငါ့လက်နဲ့ မင်းနှလုံးသားမှာ
ပျော်ရွှင်ခြင်းဘုံကို မရက်လုပ်ပေးနိုင်ပေမဲ့ …
ငါခြွေတဲ့ တောင်းဆုတွေနဲ့ …
ရယ်သံတွေကို မင်းဝတ်ဆင်နိုင်ပါစေ …

ချစ်သူ …
ဒီကောင်ဟာ မင်းအတွက်
လက်တစ်စုံပါ …
မင်းထုဆစ်ချင်တဲ့ အောင်မြင်မှုမှန်သမျှ …
ဒီကောင်ကြီး အပွန်းပဲ့ခံ ထဆစ်ပေးမယ် …
မင်းမလိုရင်လည်း မင်းနောက်ကွယ်မှာ
ပုန်းကွယ်ဝှက်လျှိုးပေးမယ် …
မင်းဆီ ကျရောက်လာတဲ့
အခက်အခဲ ပြသနာမှန်သမျှ
အနာခံဖြည့်ဆည်းကာကွယ်ပေးမယ် …
ဆိုတော့ …
ဒီကောင့်ကိုသာ မင်းအမြန်ဆုံးဆုပ်ကိုင်လိုက်တော့ …
ဒီကောင်လည်း မင်းကိုပဲ ဆုပ်ကိုင်ထားလိမ့်မယ် …

ချစ်သူ …
တိမ်လိုရာသာ လွင့်လိုက်စမ်းပါ …
ချစ်သူပိုင်ဆိုင်တဲ့ ကောင်းကင်ကြီးတစ်လျှောက် …
ဒီကောင့်အတွေးတွေ အုံ့ဆိုင်းနေတယ် …
ဆိုတာကို ပြသခင်းကျင်းချင်လို့ပါ …
ချစ်သူရေ …

ချစ်သူရေ …
မနက်ဖြန်ကြီးကို ဖွင့်ကြည့်လိုက်ပါ …
ချစ်သူသာ လက်ခံမယ် …ဆိုရင်
လေးစိပ်တစ်လုံး …
ငါတို့ခြေလှမ်းတွေ
ပြုံးပြုံးလေးမျက်နှာထားတွေနဲ့ …
အောင်မြင်ခြင်းတွေဆီ ရက်ရက်ရောရောကြဲလိုက်ကြမယ် …
လာပါ …
လက်လေးဖက်နဲ့ ရင်ခုန်သံတွေကို
ရိတ်သိမ်း …
အောာင်မြင်ခြင်းပွဲကို ပိုင်နိုင်စွာ ကျင်းပကြမယ် …
ချစ်သူ …
နယ်နိမိတ်တွေကြားထဲက
လွင့်လာလိုက်စမ်းပါ …
မင်း မနမ်းဖူးသေးတဲ့ ဆွတ်ပျံ့ရနံ့တွေက မင်းကို …
“မင်္ဂလာပါ အဆွေ ၊ ကျွန်ုပ်တို့ သင့်နှုတ်ခမ်းကို စောင့်မျှော်နေသည် …”
လို့ ပြောမှာ …
မယုံရင် မင်းမျက်လုံးတွေကို ခပ်ကြဲကြဲဖွင့်ထားလိုက် …
မင်း လမ်းကို ငါ့ဆီယိမ်းအောင် သွေထိုးပေးလိမ့်မယ် ….

ချစ်သူ …
မြန်မြန်လေး …
မြန်မြန်လေး …
လေပြည်တွေ ဝေးမသွားခင်
အနောက်ကို မမျှော်ဘဲ အရှေ့ဘက်ကို ရဲရဲလျှောက်ကြစို့ …
ချစ်သူ …
ကိုယ်တို့ အနာဂတ်တွေ တည်ပြီ အခုကနေစ ……..

In: ကဗျာ Posted By: Date: May 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment