Professional Authors

လမ်းခွဲချိန် ဆုတောင်း…

နဖူးပြင်ပေါ်…
ညင်သာစွာဖြတ်လျှောက်ဖူးတဲ့
မင်းနှုတ်ခမ်းတစ်စုံ….
အကြင်နာတွေအပြည့်နဲ့ကြည့်တတ်တဲ့
မင်းမျက်ဝန်းတစ်စုံ….
ပါးပြင်ပေါ်ချန်ခဲ့တဲ့
မင်းအနမ်းတွေရဲ့ခြေရာ…..
သေချာတယ် ငါလွမ်းနေရမှာ….
မင်း မှီနွဲ့ခဲ့ဖူးတဲ့..
ရင်ခွင်အစုံက တိတ်ဆိတ်သွားတဲ့
ရင်ခုန်သံတွေ…..
မင်းကို ယုယပေးခဲ့ဖူးတဲ့
လက်ဖ၀ါးပြင်ရဲ့ အေးစက်သွားတဲ့
နွေးထွေးမှုတွေ…..
မင်းသိပ်ချစ်တယ်ဆိုတဲ့
မျက်ဝန်းအစုံရဲ့ စိမ်းကားသွားတဲ့
နူးညံ့မှုတွေ……
စိတ်နာလိုက်စမ်းပါ…

ပြောင်းလဲမှုကိုမလွန်ဆန်နိုင်တဲ့အခါ….
သစ္စာတရားကို လွှင့်ပစ်မိတဲ့အခါ….
ကတိတွေကို ချိုးဖျက်မိတဲ့အခါ…
မိုက်တွင်းနက်နက်တူးပြီး..
ငါ..ငါ့သိက္ခာတွေကို မြေမြှုပ်မိလိုက်ပြီ…
ငါရက်စက်လိုက်မိပြီ….
အရာရာအရှုံးပေးထားတဲ့မင်းကို
နောက်ဆုံးတစ်ကြိမ်လောက်…
ငါထပ်ပြီး အနိုင်ယူလိုက်ပါရစေ..
လှည့်ထွက်သွားလိုက်တာ့ချစ်သူ
စိတ်နာလိုက်တော့….
မုန်းပစ်လိုက်တော့..

နောက်ဆုံးလမ်းခွဲချိန်မှာ
မင်းလက်ဆောင်ထားပေးခဲ့တဲ့
ခွင့်လွှတ်ခြင်းတွေနဲ့အတူ
မင်းအချစ်တွေကိုပြန်ယူပြီး…
ဘ၀သစ်မှာပျော်မွေ့ဖို့ကြိုးစားတော့….
မင်းအချစ်တွေက ငါနဲ့မတန်ဘူး….
မင်းခွင့်လွှတ်တာကိုခံယူဖို့
ငါ..မ၀ံ့ရဲဘူး
ငါ့အတွက်တော့..
အမည်းစက်တွေစွန်းထင်းရင်း
အရောင်မရှိတဲ့အနာဂတ်ဆီ
ခရီးဆက်သွားတော့မယ်….
ငါမရှိတော့တဲ့အခါ
မင်းရင်ခွင်အစုံ ချမ်းမြေ့ပျော်ရွှင်နိုင်ပါစေ…..။           ။

In: ကဗျာ Posted By: Date: Oct 31, 2011
Comment #1

no way…
impossible 2 go alone without u.
nvermind.
ever forgive u.
last warning is “don’t say break”

commentinfo By: ei lay at Nov 1, 2011
Comment #2

read 5 times

commentinfo By: ei lay at Mar 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment