Professional Authors

တိုးတိုးလေး …..ပါပဲ

 “ တိုးတိုးလေး …..ပါပဲ ”

 

ကျွန်တော်က ……

စွယ်တော်ရွက်တစ်ခြမ်း

သူမ ….မကမ်းလင့်တော့မဲ့ လက်တစ်ဖက်

ညာဘက်ရင်ခွင်နဲ့ ရှင်သန်တဲ့ ပင့်ကူ

ကြိုးတွေဖြတ်ပြီး ကိုယ့်ကိုကိုယ် ထူတယ်

 

ကျွန်တော်က …..

ရွှံနဲ့ယက်တဲ့ သင်္ဘောပျက်လေးပါ

သူ့ပင်လယ်မှာ ကမ်းပျောက်

သူမကလည်း …..မီးပြတိုက်တောင်

ဖျောက်ထားရက်ပြန်တယ် ….. လွဲတယ်

 

ကျွန်တော် ….

ညရဲ့အသံမှာ …… ငြိမ်သက်နစ်ထွေး

နှလုံးသွေးတွေ ဆေးကြောသစ်ပျိုး

ကျွန်တော့် ကောင်းကင်တရိုးမှာ

မိုးကို တိုးတိုးလေး ရွာစေခဲ့တယ်။

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Feb 25, 2012
Comment #1

arr pay twar par d

commentinfo By: ei lay at Feb 25, 2012
Comment #2

ကြိုက်ပါတယ်

commentinfo By: kantkawmg at Feb 25, 2012
Comment #3

ကျွန်တော်…သုံးလေး..ငါးခေါက်..ထက်မနည်း…ဖတ်ရှုခံစားအားပေးသွားပါသည်.

commentinfo By: အသဲကွဲမိုး at Feb 25, 2012
Comment #4

အားပေးမှုများကို ကျေးဇူးတင်ပါသည် ခင်ဗျား။

commentinfo By: ChIr0N at Feb 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment