Professional Authors

“တောင်သမန်အင်းမှအလွမ်း

အရှေ့ဘက်ဆီမှရယ်…နေထွက်ခဲ့ပြီ

ဒီနေ့အတွက်ဒီနေရာရယ်

တစ်ခေါက်တစ်ခါရောက်လာပြန်တယ်

ချစ်ရသူရေ…

မင်းကို လွမ်းလို့မျှော်ရတာ..

ငါလေ…ရက်ပေါင်း ၅၀၀ ကျော်မယ်

လွမ်းလို့တော့..မငိုခဲ့ဘူး

ပြန်လာမှာမို့…နင်နှုတ်ဆက် မသွားတာပဲ

…………………………………………………………

 

မယ်ဇယ်ပင်တန်းရယ် ဝေေ၀ဆာဆာရှိသလောက်

ငါ့အလွမ်းတွေရယ် ရှည်ရှည်ကြာကြာရှိတယ်

အခါခါလာတဲ့ ငါ့အတွက်

ကြင်နာတဲ့ မျက်ဝန်းတွေနဲ့ကြည့်ကြလည်း

ပြန်လာမယ့်ချစ်သူအတွက်

ငါခံနိုင်ရည်ရှိတယ်…ဟုတ်တယ်…နင်ပြန်လာမှာပဲ….

…………………………………………………………….

ဒီတံတားကို ချစ်သူတွေလျှောက်ရင်

မပေါင်း ရဘူးဆိုတယ်

နင်နဲ့ငါလျှောက်ခဲ့ကြတာ

အကြိမ် ၁၀ ခါ မကတယ်

ဤကျိန်စာရယ်..တို့အတွက် မမှန်လိုက်ပါနဲ့

မငိုတတ်တဲ့..ငါ့အတွက် မျက်ရည်တွေ

တောင်သမန်အင်း ထက်ပိုသွားမယ်….

……………………………………………………………

မိုးရာသီ ကိုငါမုန်းတယ်

ငါချစ်တဲ့ကြောင်လေး.ငါ့လက်ပေါ်မှသေဆုံးတယ်

နင်ကတော့နှုတ်မဆက်ပဲ ပျောက်ဆုံးတယ်

မိုးတွေရွာတိုင်.လွမ်းဆွတ်မှု့တွေကျဆုံးတယ်

တခြားအကြောင်းတွေကြောင့်လည်း

သြဂုတ်..စက်တင်ဘာကို ငါမုန်းတယ်….

…………………………………………………………………………

ချစ်သူရေ..

လွမ်းကျန်ရစ်ပေမယ့်လွမ်းဒါဏ်တော့မသင့်ချင်တယ်

နင်နှုတ်ဆက် မသွားလေတော့ …

ငါလည်းမျှော်လင့်လို့ ကောင်းနေတုန်းပဲပေါ့

In: ကဗျာ Posted By: Date: Apr 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment