Professional Authors

မိုးခေါင်သံ

“မိုးခေါင်သံ”

 

မျက်ရည် တချို့ကို

နင်းချေ

အပျင်းပြေလို့ပါလို့

နောက် တစ်ခါ ထပ်ပြောဦးလေ…။

ငါ့ နှလုံးသားကို

စိတ်ကြိုက်ကစားပြီး

မလိုတော့မှ

ခပ်လှမ်းလှမ်းက

နင် နဲ့ ဝေးရာမှာ

ချထားပါတော့လား ….။

အနှစ်မပါတဲ့

မင်းရဲ့ ချစ်ပါတယ်ဆိုတယ် ဆိုတဲ့ စကားကို 

တချိန်က ငါ ရစ်မူး မိတာ အမှန်ပါ …။

စွဲလမ်းခဲ့တာ အသေအချာပါ …။

အခုတော့ မရေရာတဲ့

ဇဝေဇ၀ါတွေ နဲ့

ကျိန်စာ တချို့ကို

ငါ ခံစားနေရတယ် …. ။

ဥပေက္ခာဆိုတာကို နားလည်လာတယ် ….။

အနားသတ် မညီတဲ့ အချစ်ကို

ခံစားမိတဲ့ ငါဟာ

ကြားခံနယ်ထဲက ပစ္စည်းလို

တွယ်ရာမဲ့လို့ ….။

ရေမလောင်းလို့ ပေါင်းမသင်

ကောင်းကင်မှာ မိုးမရွာပဲ

ပက်ကြားအက် ရင်ဘက်ထဲမှာ

ရင်ခုန်သံတချို့ ဆွံ့အသွားတာကို

နင် ကြားနိုင်မယ်ဆိုရင်

နားလည်နိုင်မှာပါ …။

နေမင်းခ(မန်းမြေ)

In: ကဗျာ Posted By: Date: Oct 2, 2011
Comment #1

Love it !! Very nice poem !!

commentinfo By: မိုက်အောင် at Oct 2, 2011
Comment #2

ကောင်းပါတယ်
အားပေးသွားတယ်…..

commentinfo By: laminpaing at Oct 3, 2011
Comment #3

ရေမလောင်းလို့ ပေါင်းမသင်

ကောင်းကင်မှာ မိုးမရွာပဲ

ပက်ကြားအက် ရင်ဘက်ထဲမှာ

ရင်ခုန်သံတချို့ ဆွံ့အသွားတာကို

နင် ကြားနိုင်မယ်ဆိုရင်

နားလည်နိုင်မှာပါ …။

commentinfo By:့ han at Oct 3, 2011
Comment #4

ဥပေက္ခာဆိုတာကို နားလည်လာတယ် ….။

အနားသတ် မညီတဲ့ အချစ်ကို

ခံစားမိတဲ့ ငါဟာ

ကြားခံနယ်ထဲက ပစ္စည်းလို

တွယ်ရာမဲ့လို့ ….။

commentinfo By: May Kha at Oct 3, 2011
Comment #5

တပုဒ်လုံးကြိုက်လို့..အားပေးလိုက်ပါတယ်

commentinfo By: အသဲကွဲမိုး at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment