Professional Authors

……ညစာလွှာ ….. ( sharon ).


 ကျနော် ဟာ ခရေပင်အောက်မခိုဖူး
 (ဆိုလိုတာ ခရေလိုမဖြူစင် )
 တော်ဝင်တဲ့ ရွှေစင် မဟုတ်ခဲ့ ဘူး
 ရင်ခုန်သံကို မရပ်တန့် စေနဲ့ 
 ကျေးဇူးတင်ပါတယ်  
 ကျနော့် အိပ်မက်သခင် ရင်ခွင်ဦး ရယ်
 ကျနော့်ချစ်တတ်သွားမှုမှာ ရိက္ခာဖြည့်ပေးပါ
 ရိုးရိုးလေးပါ
 အိမ်အပြန်လမ်းကိုဖြတ်တောက်  ညနေရီကို ကျနော် သူနဲ့ တူတူငေးချင်တယ်
 ရိုးရိုးလေးပါ
 ကမ်းတဲ့ လက်ကို  ထွေးဆုပ်ချင်မိတယ်
 ရိုးရိုးလေးပါ
 ကျနော်ချစ်တဲ့ သူ့ မျက်တောင်လေးပေါ် မှေးစက်ဖူးချင်တယ်
 ရိုးရိုးလေးပါ
 ကျနော်ရာနှုန်းပြည့်ချစ်နေရကြောင်း  သူ့ ကို ယုံကြည်စေချင်နေမိတယ်
 ရိုးရိုးလေးပါ
 ပျက်ပြို လု  သံသယအစွန်းမှာ  ကျနော်အသက်အောင့်ထားရတယ် 
 ရိုးရိုးလေးပါ
 အသက်ရှူသံကို နားဆင်ခွင့်က  ကျနော့် ရှင်သန် မှု ထက် ပိုပြီးအရေးတကြီးလိုအပ်နေပါတယ်
 အလွမ်းတွေအတွက် မျက်ရည်လက်မှတ် ထိုးထားမယ်
 မျှော်လင့်ခြင်းမှာမွေ့ ပျော်
 အိပ်ရေးပျက်မှုကိုကျနော်စားသုံးနေပါတယ်
 ခဏခဏဖြစ်တတ်တဲ့ သူ့ ခေါင်းကိုက်ရောဂါက ကျနော့် ရန်သူ
 နာရီ  မိနစ်  စက္ကန့်  တမ်းတစိတ်

 ဖော့ ထားရတဲ့  အပြုံးတွေ   (ထုံးစံတိုင်းပေါ့ မျက်ရည်အစအနတွေ ) 

 ကျနော် အိပ်မက်လေးကို ငေးမိပြန်ကြောင်း ၀န်ခံခဲ့ မယ်
 ရိုးရိုးလေးပါပဲ
ကျနော် သူ့ ကို သိပ်ချစ်ရပါတယ်
ခုတော့ ညတချို့ မှာ ကျနော်ကျန်ခဲ့ ရရုံ သာ….

                                                                                                      ရှာရွန် 
                                                                                                ( ၁၃.၂.၂၀၁၂ )
                                                                                             နံနက် ၂ နာ၇ီ တစ်မိနစ်

In: ကဗျာ Posted By: Date: Mar 13, 2012
Comment #1

ရိုးရိုးလေးပါပဲ …
သူက ကျတော့ရဲ့ ညဝတ်ရုံလွှာ ..။

commentinfo By: နတ်သမီး at Mar 13, 2012
Comment #2

မမ ရှရွှန် မျောမျော်… အနော် ၀င်ဖတ်ကျိတွားဒယ်နော်

commentinfo By: FotiaPrincezz at Mar 13, 2012
Comment #3

ရိုးရိုးလေးပါ
ပျက်ပြို လု သံသယအစွန်းမှာ ကျနော်အသက်အောင့်ထားရတယ်
ရိုးရိုးလေးပါ
အသက်ရှူသံကို နားဆင်ခွင့်က ကျနော့် ရှင်သန် မှု ထက် ပိုပြီးအရေးတကြီးလိုအပ်နေပါတယ်
အလွမ်းတွေအတွက် မျက်ရည်လက်မှတ် ထိုးထားမယ်
မျှော်လင့်ခြင်းမှာမွေ့ ပျော်
အိပ်ရေးပျက်မှုကိုကျနော်စားသုံးနေပါတယ်
……..
ရိုးရိုးလေး ပါ….ကျွန်တော့် ရင်ဘတ်… ထဲ.ရိုက်ခတ်မိခဲ့ရသော

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #4

ရိုးရိုးလေးပါ…..မိုးရဲ့ အားပေးမှုလေးကြောင့်.ကျနော် ပျော်တယ်

commentinfo By: sharon myorr myor at Mar 13, 2012
Comment #5

ငါ့နာမည် ဂျစ်ပစီ(မင်းမင်း)ကွ ရှာရွန်ပြောနေတဲ့စကားပဲ သုံးလိုက်တော့မယ် ထပ်တစ်ခါ အားရစွာပဲ ဟီးးးးးးး

ငါ့နာမည် ဂျစ်ပစီ(မင်းမင်း)ကွ ဂျစ်ပစီကွ ပေါက်လို့ပဲစားဟုတ်ဝူးးးးးးးးးးးးး

ဘာမှမဟုတ်ဘူးးးရေးဘက်လေးရေ အရူးလာထသွားကြောင်းးးးး:PPP

commentinfo By: ဂျစ်ပစီ(မင်းမင်း) at Mar 13, 2012
Comment #6

ဟေ့လောင်
ဂျစ်ပစီဆိုတာ မိုက်မိုက်ကန်းကန်းပြောရတယ် အွ
မိုက်လား ..မိုက်ရင် ကဗျာပေါ်တကိချဲလေ … 😛
သတ္တိမရှိပဲနဲ့  အရူးထရ၀ူးလေအွာာာ
ခွီးးးး ( နှက်ချရာလူချိမနေရို့ နီ ခံရတာ ကဲ မှတ်ပရားး အွ )

commentinfo By: sharon myorr myor at Mar 13, 2012
Comment #7

မိုက်တယ်

commentinfo By: Village chat kyi at Mar 13, 2012
Comment #8

yoe yoe lay par be,,
kyun daw thu ko tate chit ya par de,,
yoe yoe lay par be,,
kyun daw yar hnone pyay chit nay ya kyaung thu ko yone kyi say chin nay mi de,,
yoe yoe lay par,,

commentinfo By: ei lay at Mar 14, 2012
Comment #9

အမ…
ရိုးရိုးလေးပဲ….ခံစားသွားပါတယ်ဗျာ…

commentinfo By: poem.poem28 at Mar 14, 2012
Comment #10

ကဗျာဆိုတာ ရင်ထဲကခံစားချက်ဆိုတော့……….. ရင်ထဲက ဆုတောင်းတွေ
ပြည့်ပါစေလေ…connection ခ ရှိနေသရ်ျ အားပေးနေတယ်နော်..

commentinfo By: တာဇံ at Mar 17, 2012
Comment #11

ကျနော့်မွေးနေ့မှာ ရေးတဲ့ ကဗျာတစ်ပုဒ်ပဲ…ခင်ဗျားပေးတဲ့ လက်ဆောင်လို့ပဲ မှတ်ယူလို့ရရင် ယူလိုက်ချင်ပါတယ်…

commentinfo By: Salai Peter at Mar 18, 2012
Comment #12

အားပေးကြတဲ့ မောင်နှမတွေကိုကျေးဇူးတင်တယ်ဗျာ… အကြံညဏ်တွေပေးကြပါဦးလို့ 
အားလုံးကိုလေးစားလျှက်

commentinfo By: sharon myorr myor at Mar 20, 2012
Comment #13

ဒီကဗျာလေးကိုတော့ သိပ်မကြိုက်ဘူးဗျ
မရှာရွန်ရဲ့အရင်ကဗျာတွေထက်စာရင်တော့ တော်တော်ညံသွားသလိုပဲ
ဝေဖန်သွားပါသည်။

မောင်လူလူလူ

commentinfo By: လူလူလူ at Mar 21, 2012
Comment #14

ကျေးဇူးတင်ပါတယ်….. ကိုလူလူလူ
( မောင် လူလူလူ ဆိုတော့ ယောကျာင်္းလေးဖြစ်မယ်လို့ ယုံကြည်ပါတယ် )
ဟုတ်ပါတယ် ကျနော်လည်းခံစားသိနေပါတယ်
ဒီကဗျာ က ကျနော့်ပုံစံ မဟုတ်သလိုပဲစကားလုံးတွေက နုလွန်းနေပါတယ်
ကဗျာဆိုတာထက် ကျနော့် သက်ဆိုင်သူ နဲ့ ပက်သက်ပြီးဖြစ်ချင်တဲ့ ဆန္ဒလေးကို
သူသိအောင် ချရေးပြရုံလေးပါ
ကျနော့် ကဗျာတွေ ကို ဖတ်ပြီးဝေဖန်ပေးတာကျနော် အရမ်းဝမ်းသာတယ်ဗျ
ကျေးဇူးလည်းအရမ်းတင်ပါတယ်
နောက်လည်းဒီလို ဝေဖန်ပေးမှုမျိုးကိုကျနော် လိုလားစောင့်မျှော်နေပါတယ်
ကျေးဇူးတင်ပါတယ် .. ကိုလူလူလူ

commentinfo By: sharon myorr myor at Mar 21, 2012
Comment #15

10 khout htet ma ne bu,,
phat phit de

commentinfo By: ei lay at Mar 21, 2012
Comment #16

ကျေးဇူးအိ
သတိရနေတာ…..တကယ်

commentinfo By: sharon myorr myor at Mar 21, 2012
Comment #17

u r welcome,,myor,,
hote lar?
a mye tan poems tway phat phyit de,,duty 1 khu lo ko nae sin loak phyit tar
nay ma kaung le poems phat dar dot ma pyat bu,,he,,he,,
koh chit thu ko ta ti ya nay 1 lo myo nae tine poems tway arr pay de,,,he,,he,,
a khu nay kaung twar p,

commentinfo By: ei lay at Mar 22, 2012
Comment #18

grai ka shakut u yaw ngun jaw taw nga ai..grai ma dum ai yaw

commentinfo By: တာဇံ at Mar 30, 2012
Comment #19

နေမကောင်းတဲ့ ကြားက ကဗျာတွေ ကို တာဝန်တစ်ခုလို ဖတ်၇ှုအားပေးနေတဲ့ အိလေး ကိုတကယ်လေးစားအားကျပါတယ်
မျော တို့ က ကဗျာ မမည်တမည် ကိုတီးခေါက်စမ်းကြည့်နေမိတာကလွဲရင် အချိန်ပေးပြီးပုံမှန်မလုပ်ဆောင်နိုင်သေးဘူး
ကဗျာတွေကိုချစ်မြတ်နိုးတဲ့ အိလေးရဲ့ စိတ်ဓာတ်ကတော့တကယ်လေးစားစရာအားကျစရာကောင်းနေ
ပါတယ်
အားလုံးရဲ့ အမြဲတမ်းအကြံပေးချက်ကိုမျှော်လင့်လျှက်

p.s >> နေကောင်းအောင်နေ အိလေးနေကောင်းမှကဗျာတွေလည်းနေကောင်းမှာ 🙂

commentinfo By: sharon myorr myor at Dec 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment