Professional Authors

“…………. သလိုလို ”

“…………. သလိုလို ”

 

ကပိုကရို စကားလုံးရိုးရိုး

ကျွန်တော်တို့ ခေါက်ရိုးကျိုး သုံးစွဲ

တဖြည်းဖြည်း …….

ဦးနှောက်တွေ မွဲလာတယ်

မှန်မကြည့်ရဲတဲ့ စိတ်က

ဘာလင်တံတိုင်းကို မဖြိုဖျက်ဖြစ်သေးဘူး

မေ့နေတယ်ဆိုတာ တကယ်မသိလို့ပါ

ကိုယ့်ဖဲကိုယ်ချိုးပြီး

စိတ်ကို စိတ်နဲ့ ခိုးဖူးတယ်

အရိပ်ကို မိုးစိုစေခဲ့ဖူးတယ်

အိပ်စက်ခြင်းနဲ့ မျက်နှာခြင်းဆိုင်မှ

ညီမျှခြင်းကို ကြက်ခြေခတ်

တတ်သလိုလို မတတ်သလိုလို

ဟုတ်သလိုလို မဟုတ်သလိုလို

ရှိသလိုလို မရှိသလိုလို

သိသလိုလို မသိသလိုလို

ယောင်ဝါးဝါးနဲ့ အလင်းတွေ ညိုခဲ့

အခုတော့ ကျွန်တော်လည်း ဒီကဗျာကို

ရေးသလိုလို မရေးသလိုလို ………..

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Feb 24, 2012
Comment #1

tay char tar ka dot,,
ei lay ka gout nay de,,
d poem hte ka a tine ,,,,,,,,,,ta lo lo phyit nay de,

commentinfo By: ei lay at Feb 25, 2012
Comment #2

ကဗျာကောင်းလေးပဲ

commentinfo By: kantkawmg at Feb 25, 2012
Comment #3

ဖတ်..ပြီး..သလိုလို…မဖတ်ရသေး..သလိုလို…မို့..2ခေါက်ဖတ်မိသွားတယ်

commentinfo By: အသဲကွဲမိုး at Feb 25, 2012
Comment #4

ကဗျာကကောင်းသလို မကောင်းသလိုလို 🙂 just kidding
ကဗျာကောင်းလေးတစ်ပုဒ်ဘဲဗျ ဖတ်သွားကြောင်းပါ ။

commentinfo By: X - ray at Feb 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment