Professional Authors

chicken soup – သစ်ပင်

Chicken Soup

နေဘယ်လိုပူပူ 
မိုးဘယ်လိုရွာရွာ
နေပူတဲ့ဘက်မှာ  
မိုးသည်းတဲ့ဘက်မှာ
45ဒီဂရီ  စောင်းနေတတ်တဲ့
ထီးလေးတစ်လက်   
   အထီးကျန်စွာ

တစ်ဘက်သောလက်မောင်းရင်းဆီမှ
လက်ချောင်းထိပ်များဆီသို
စီးကျလေ့ရှိသောမိုးစက်များကို
မိုးရွာသောအခါများတိုင်း
နာကျင်စွာ,……….
လွမ်းဆွတ်စွာ……………

တွေးမိသောအတိတ်ကို
မနာကျင်
ချိုမြသော ပီတိများသာ
ရင်မှာ အစဉ်

အချစ်ကို ကျောခိုင်း
မေ့ပစ်လိုက်
ရင်ခွင်ကို စုံကန်
ရက်စက်လိုက်

ရင်မှာ ဗလာ
အကျည်းတန်စွာ
ရည်ရွယ်ထားသော
chicken soup တစ်ခွက်သာ
ငါ့ရင်မှာ ။          ။

                        သစ်ပင်

In: ကဗျာ Posted By: Date: Nov 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment