Professional Authors

ဗလာအတွေးနဲ့ဆက်ထိုင်ဖြစ်နေတယ်

ဗလာအတွေးနဲ့ဆက်ထိုင်ဖြစ်နေတယ်

ငါတို့မှာ ဘယ်လိုမှ ဟောင်းမသွားတဲ့ ဆက်နွယ်မှု့တွေရှိနေတယ်
လူတွေငါ့မျက်လုံးတွေကိုနားမလည်ကြဘူး ငါလည်းတစ်ယောက်ယောက်သိအောင်
မနေ ဖြစ်/တတ်ခဲ့ဘူး ဆာလောင်မှု့ဟာတစ်ကိုယ်လုံးကိုတုန်ရင်စေတယ်
ဟာသများစွာနဲ့ စိတ်မဲ့သလိုပဲ ထိုင်နေတယ်
ငါစိတ်ညစ်နေတယ်ထင်လို့ ဘာများစိတ်ညစ်နေသလဲလို့ ပြန်စဉ်းစားနေတာ
မျှော်လင့်နေမှု့ကဘ၀တစ်ခုလုံးကိုလေးလံသွားစေတယ်…

နင်နဲ့ငါကြောက်စရာကောင်းအောင်စိတ်ချင်းတူနေတယ်
ငါကမကောင်းတာတွေပဲများများစားစားရှိ/ဖြစ်နေတဲ့သူဆိုတော့နင်ငါ့ကြောင့်ထိခိုက်သွားမှာ
မလိုလားဘူး အခုတလော နင်နဲ့ပတ်သက်လို့ငါ့စိတ်တွေ ပိုထိန်းထားချင်/ထိန်းမရဖြစ်နေ သလိုပဲ
စိတ္တဇများစွာနဲ့ ငါ ဒီအတိုင်းပဲ ထိုင်နေမိတယ်
ဘာပဲဖြစ်ဖြစ်အဆင်ပြေမှာပါ အဆင်ပြေပါလိမ့်မယ် အဆင်ပြေတယ်ပဲ ပြောဖြစ်မှာပါ
နင့်ကိုမမျှော်လင့်မိအောင်ငါ့ကိုငါသင်ပေးချင်တယ်…

နင်ဟာအကြောင်းပြချက်မဲ့စွာငါစကားပြောမိတဲ့တစ်ယောက်သာသူပဲ
ငါမသိပါဘူး ငါ့နင့်ကို ချစ်/မချစ်လားဆိုတာ နင့်ကိုပျော်စေချင်တဲ့ဆန္ဒတစ်ခုတော့ရှိပေမယ့်
အဲ့ဒါကလည်းလိုရာရောက်မရောက် မတွေးတတ်/မိဘူး
ငါလည်းငါ့ဘာသာနဲ့ပဲသွားတယ်
ထားလို့ရသမျှ မေ့လို့ရသမျှတွေ ထား/မေ့လိုက်တယ်
ငါနင့်လက်ဖမိုးလေးတွေကို နမ်းရုံလောက်လေးတော့ နမ်းချင်တယ်…..။…။

၃၁.၁.၂၀၁၂
မြေနံ့
[email protected]
www.sofarawayfromyou88.blogspot.com

In: ကဗျာ Posted By: Date: Feb 21, 2012
Comment #1

koh kou taung bar hman ma ti hma dot,,,,,,,,
koh chit thu ne be lo shae set kya hmar le hin?

commentinfo By: ei lay at Feb 21, 2012
Comment #2

ကေါင်းပါတယ်…………
အားပေးသွားပါတယ်….

commentinfo By: သားသား at Feb 21, 2012
Comment #3

နင်နဲ့ငါကြောက်စရာကောင်းအောင်စိတ်ချင်းတူနေတယ်
ငါကမကောင်းတာတွေပဲများများစားစားရှိ/ဖြစ်နေတဲ့သူဆိုတော့နင်ငါ့ကြောင့်ထိခိုက်သွားမှာ
မလိုလားဘူး အခုတလော နင်နဲ့ပတ်သက်လို့ငါ့စိတ်တွေ ပိုထိန်းထားချင်/ထိန်းမရဖြစ်နေ သလိုပဲ
စိတ္တဇများစွာနဲ့ ငါ ဒီအတိုင်းပဲ ထိုင်နေမိတယ်
ဘာပဲဖြစ်ဖြစ်အဆင်ပြေမှာပါ အဆင်ပြေပါလိမ့်မယ် အဆင်ပြေတယ်ပဲ ပြောဖြစ်မှာပါ
နင့်ကိုမမျှော်လင့်မိအောင်ငါ့ကိုငါသင်ပေးချင်တယ်…

commentinfo By: zawthetoo at Feb 29, 2012
Comment #4

မြေနံ့ရေ . . .
ဘာသာစကားကဗျာဆန်ဆန်လေးတွေကို
တစိုက်မတ်မတ်ရေးနေတဲ့ကဗျာဆရာမပေါက်စလေးကို
အမြဲတမ်းအားပေးနေမှာပါ

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Apr 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment