Professional Authors

ခေတ်နောက်က ငါတို့ပါ

 

ပန်းတိုင်မြင်တိုင်း ငါ့အတွက်မဟုတ်သလို
အခြားသူအတွက်လည်း မဟုတ်ခဲ့ဘူး
လုပ်သူတခြား ခုတ်သူတခြား ကွဲပြားနေတဲ့
ခေတ်စက်ဝိုင်းထဲ အနိုင်ယူပြိုင်ပွဲဝင်သူတွေလည်း
ရှိခဲ့ဖူးသလို ကျရှုံးခဲ့သူလည်း ရှိခဲ့ဖူးတယ်
အဲဒီထဲ အရွက်နုနု သစ်ရွက်တွေလည်း ပါဝင်နေဆဲ…။ 

 

မညီမျှတဲ့ ကိန်းဂဏာန်းတွေထဲ ပေါင်းသူက ပေါင်း
မြှောက်သူ မြှောက် နုတ်သူက နုတ်
စားသူက စားနဲ့ အမှန်တရားက
ငွေစက္ကူအောက်မှာ ပိပြားငြိမ်ဝပ်ရင်း
ငွေရှင်တွေသာ ဥပဒေပိုင်ရှင်ဖြစ်ခဲ့
မနေ့ မနက်က ကြားလိုက်ရတယ်
တရားခံက တရားနိုင်သွားလို့
ပြည်သူ့မျက်နှာခုံးပေါ် စင်္ကြန်လျှောက်ရင်း
လောင်ပြောင်ကြည်စယ်နေတုန်း
အခန်းကျဉ်းတံတိုင်းအတွင်းမှာတော့
အမှန်တရားက မျက်ရည်တွေနဲ့ပေါ့…။ 

 

သွားပြီ သွားပြီ….
သူတို့ ခေတ်ရေစီးကြောင်း အမှန်တရားတွေက
ကြေးမှုံပြင်မှာ ဖုန်တတ်လို့ ဥပဒေကြမ်းပြင်ပေါ်မှာ
ခုတ်ရာ ထစ်ရာ ရှာမရသလို
ကြုံရာကျပန်း သူကမှန်တယ် ငါကမှန်တယ်
ငွေအသိုင်းဝိုင်းကြား ဂုဏ်နိမ့်သူသာ
ဥပဒေ လက်တစ်လုံးကြားမှာ
အကျဉ်းစံမြန်းလို့ နှစ်ဆိုးတွေထဲ
ဆင်းရဲတွင်းနက်ဆဲ မျက်ရည်တွေနဲ့ နာကြည်းနေဆဲ…။ 

 

ကြည့်စမ်းပါ မြင်လှည့်စမ်းပါ….
သူတို့မှာ ဓနအင်းအား ချို့တဲ့ငြားလည်း
အဖြူရောင်သက်သက် မေတ္တာဖက်လို့
တနေ့တာ အလုပ် တနေ့တာ လုပ်လို့
နိုင်ရာ မိသားစု ဝန် နိုင်ရာ နိုင်ငံ့ ဝန်တွေ ထမ်းဆောင်ရင်း
အသိမကြွယ် အတွေးမကြွယ် တောနယ်က ငါတို့ဘဝက
စာပေအင်အား မရှိခဲ့လည်း တောလယ်က စပါးစိုက်
ပဲစိုက် နှင်းစိုက်နဲ့ အမိမြေအတွက်
ဘိုးဘွားအမွေ အဆက်တွေနဲ့ ကျေးဇူးဆပ်ခဲ့တယ်လေ….။ 

 

 

တက္ကသိုလ်မြတ်မင်း

http://www.myatminnpoem.blogspot.com

In: ကဗျာ Posted By: Date: Feb 21, 2012
Comment #1

ကိုမြတ်မင်း….ဒါလည်းကောင်းတာပဲ…ဗျ

commentinfo By: poem.poem28 at Feb 21, 2012
Comment #2

ကြိုက်တယ် ကိုမြတ်မင်း

commentinfo By: kantkawmg at Feb 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment