Professional Authors

နင်မသိတဲ့ ငါ့ခံစားချက်

တကယ်လို့ နင်သာ ငါ့အကြောင်းကို တွေးနေခဲ့ရင်
အတွေးထဲမှာတော့ ရိုးသားစွာဆက်ဆံပေးပါ
တကယ်လို့ တစ်ယောက်တည်း အထီးကျန်ခဲ့ရင်
နင်အလေးထားတဲ့ ပတ်ဝန်းကျင်ကို ခဏမေ့ပြီ
လွတ်လွတ်လပ်လပ် နေကြည့်ပေးပါ

ရိုးသားပွင့်လင်းတဲ့ နင့်အပြုံးကို
ငါအရမ်းချစ်မြတ်နိုးခဲ့တယ်
ဟန်ဆောင်မြိုသိပ်တဲ့ နင့်ခံစားချက်ကို
ငါနာကြည်းစွာ မုန်းတီးတယ်

နင့်ကိုဘယ်လောက်ချစ်လို့လဲတဲ့လား
အဖြေကိုသိချင်ရင်
ငါ့နေရာက ၀င်ခံစားကြည့်လိုက်ပါ

ငါကိုနာကျင်အောင်လုပ်လိုက်လို့
နင်ပြုံးလို့ရသွားတော့
ငါဝမ်းသာပေးပါတယ်
ငါစချစ်ခဲ့တဲ့ နင့်အပြုံးနောက်ဆုံးအနေနဲ့
မြင်တွေ့ခဲ့ရလို့ပါ………

In: ကဗျာ Posted By: Date: Feb 20, 2012
Comment #1

နင်မသိတဲ့ငါ့ခံစားချက်တွေကို…နင်သိအောင်လည်းမပြောတော့ဘူး…ဒီတိုင်းပဲ နင်မသိတာကောင်းပါတယ်..

commentinfo By: poem.poem28 at Feb 20, 2012
Comment #2

han saung myo tate tat de nin khan sar chat ko
ngar nar kyee swar mone te de,
ngar nay yar ka win khan sar kyi pay par,,
main ka lay tway a phyit ko sar nar pay par,,
ngar ko a mye tan nar kyin aung loak like ya hma nin pyaw me so yin pop,,

commentinfo By: ei lay at Feb 20, 2012
Comment #3

နင်အလေးထားတဲ့ပတ်ဝန်းကျင်ကိုခနမေ့ပြီး လွတ်လွတ်လပ်လပ်နေကြည့်ပေးပါ………
ဟန်ဆောင်မြိုသိပ်တဲ့ နင်ခံစားချက်ကို ငါနာကြည်းစွာမုန်းတီးတယ်….
သိပ်ကောင်းတယ်…ကြိုက်တယ်..

commentinfo By: phyu at Feb 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment