Professional Authors

ကွာချက်ကယ် နာ

ဒီနေ့ ဖျာပုံမှာလဲ သိန်းချီတဲ့ လူထုက အန်တီစုကို ကြိုဆိုနေတာကို internet ပေါ်မှာ တွေ့လိုက်ရတော့ ချက်ချင်း
စပ်မိလိုက်တာလေးပါ။
တင်သာ တင်လိုက်ရတာ၊ ဖဲ့ချင်တဲ့သူတွေရှိရင် အရင်ဆုံး အဆုံးအထိ ဖတ်ကြပါလို့…

အမေစုက ဟိုဒီ သွားတော့
လူထု သိန်းချီ ကြိုကြသည်။ ။
ထွက်ကြို သိန်းချီ မေတ္တာညီ
အမေစုဆီ စုပုံသည်။ ။

ပြည်ခိုင်ဖြိုးလေး ကျွန်တော် မနှေး
အားကျစိတ် အတည် သွားပြမည်။ ။
မဲရဖို့အရေး ကျွန်တော်တွေး
သွားပြလိုက်ပြီ အမြို့မြို့ဆီ။ ။

ကျွန်တော့်ကိုလဲ အကုန်ပဲ
သိန်းနဲ့သန်းချီ ကြိုကြပြီ။ ။
ထွက်ကြို သိန်းချီ လူထုညီ
ဝိုင်းရိုက်ဖို့တဲ့ ကျွန်တော် ပြေးပြီ။ ။

ပြေးပြီ… ပြေးပြီ။ ။

In: ကဗျာ Posted By: Date: Feb 17, 2012
Comment #1

အားပေးနေပါတယ်ဗျ……. 😛

commentinfo By: moehtetaung18 at Feb 17, 2012
Comment #2

he,,he,,lol

commentinfo By: ei lay at Feb 17, 2012
Comment #3

ဟဟ ဟားးးးးးးး
ကွာချက်ကယ်နာ..နာလိုက်တာဗျာ….

commentinfo By: poem.poem28 at Feb 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment